Gangaw News

0 0
Read Time:2 Minute, 18 Second

ဂန့်ဂေါမြို့နယ်၊ ကုက္ကားရွာမှ ပျူ ၂ ဦးဖမ်းဆီးရရှိ (ရုပ်သံ)

 

D Day News

ဇူလိုင်လ ၄

 

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကုက္ကားရွာမှ ပျူ ၂ ဦးကို ဖမ်းဆီးရရှိခဲ့ပြီး ဂန့်ဂေါမြို့နယ် ပကဖထံသို့ လွှဲ ပြောင်းပေးလိုက်ပြီဖြစ်ကြောင်း ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – YPDF ထံမှ သိရသည်။

 

မေလ ၂၃ ရက်နေ့က ဂန့်ဂေါမြို့နယ်၊ ကုက္ကားပျူရွာအနီးသို့ ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ၏ ရှေ့တန်းတပ်ခွဲ ၂ မှ ရဲဘော်များမှ ချဉ်းကပ်ကာ ကင်းလှည့်စစ်ဆေးနေစဉ် မသင်္ကာဖွယ် လူနှစ်ဦးကို တွေ့ရှိရသဖြင့် ဖမ်းဆီးစစ်ဆေးရာ လက်နက်ခဲယမ်းများနဲ့တကွ ပျူအဖွဲ့ဝင်များ ဖြစ်ကြောင်း စိစစ်တွေ့ရှိရသဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ ပျူများမှာ ကုက္ကားပျူရွာမှ အသက် ၅၆ နှစ်အရွယ် သန်းလွင်နှင့် အသက် ၅၈ နှစ်အရွယ် သန်းထွေးတို့ဖြစ်ပြီး ၎င်းတို့ထံမှ လက်လုပ်ပြောင်းချောသေနတ်အတို တစ်လက်၊ ကပစထုတ် ၅.၅၆ ကျည် ၁၇ တောင့်၊ စကားပြောစက် တစ်လုံးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

၎င်းပျူနှစ်ဦးကို YPDF တပ်ဖွဲ့မှ လိုအပ်သည့် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ရန် တပ်ဖွဲ့ဌာနချုပ်ရှိ အချုပ်ထောင်တွင် တပ်ဖွဲ့၏ ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနဲ့အညီ အခြေခံ လူ့အခွင့်အရေးစံတန်ဖိုးများကို မထိခိုက်စေဘဲ ကောင်းမွန်စွာ ထိန်းသိမ်းထားခဲ့ကြောင်း သိရသည်။

 

ထို့အပြင် တပ်ဖွဲ့၏ စစ်ကြောရေးအဖွဲ့ကို ဖွဲ့စည်းကာ လိုအပ်သည့် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၏ စစ်သုဉ့်ပန်းဥပဒေများဖြင့် အရေးယူဆောင်ရွက်နိုင်စေရေး အတွက် တပ်ဖွဲ့ဗဟိုဦးဆောင်ကော်မတီအစည်းအဝေး (၃/၂၀၂၄) ဆုံးဖြတ်ချက်အရ ဂန့်ဂေါမြို့နယ် ပအဖထံသို့ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့တွင် တရားဝင် လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *