Ye Phyu News

0 0
Read Time:4 Minute, 6 Second

ရေဖြူမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ၃ ကြိမ်တိုက်ခိုက်မှု စစ်သား ၅၀ နီးပါးသေဆုံး၊ စစ်တပ်က လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေး ငယ် ၂ ဦးအပါအဝင် ပြည်သူ ၅ ဦးသေဆုံး ကာ နေအိမ်အလုံး ၄၀ ခန့်ကို စစ်တပ်ကမီးရှို့ဖျက်ဆီး (ရုပ်သံ)

 

D Day News

ဇူလိုင်လ ၃

 

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ သာယာမွန်ကျေးရွာ၊ ရာဖူးကျေးရွာ၊ မျောက်ချောကျေးရွာတို့တွင် တိုက်ပွဲ ၄ ကြိမ်ဖြစ်ပြီး အကြမ်းဖက်စစ်သား ၅၀ နီးပါး သေဆုံးခဲ့ကြောင်း ဒေါနစစ်ကြောင်းမှ ထံမှ သိရသည်။

 

ဇွန်လ ၇ ရက် နံနက် ၁၀ နာရီ ၅ မိနစ်မှ မွန်းလွဲ ၂ နာရီ မိနစ် ၄၀ အချိန်အထိ ရေဖြူမြို့နယ် ၊ သာယာ မွန်ကျေးရွာအနီး၌ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နှင့် တော်လှန်ရေး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့ ကြား ထိတွေ့တိုက်ပွဲဖြစ်ခဲ့ရာ အကြမ်းဖက်စစ်တပ်မှ ဗိုလ်အဆင့်ရှိသူအပါအဝင် ၇ ဦးသေဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် သာယာမွန်ကျေးရှိ နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲပြီး ကလေးငယ် ၂ ဦးအပါအဝင် မိသားစုဝင် ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း သိရသည်။

အလားတူ ဇွန်လ ၁၁ ရက် နေ့တွင် ရေဖြူမြို့နယ်၊ ရာဖူးကျေးရွာထဲသို့ ရောက်ရှိနေသော အကြမ်း ဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့မှ မွန်းလွဲ ၁ နာရီ ၅ မိနစ် အချိန်တွင် ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ခလရ ၂၇၃ တပ်ရင်းမှူး တပ်ရင်းမှူးအဆင့်ရှိသူ ဗိုလ်မှူး သန်းဌေးအောင်နှင့် ရဲဘော် ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

 

ဇွန်လ ၁၉ ရက် နံနက် ၇ နာရီ ၃၀ မိနစ်အချိန်မှ ညနေ ၃ နာရီအထိ ရေဖြူမြို့နယ်၊ မျောက်ချော ကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား အပြန် အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ရာ အကြမ်းဖက်စစ်တပ်မှ ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးအပါအဝင် ၃၈ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် အကြမ်းဖက်စစ်သားများ အသုံးပြု သည့် MA -2 အမျိုးအစား သေနတ်တစ်လက်ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ ၁၂၂ မမ၊ ၈၁ မမ လက်နက်ကြီးများဖြင့် အကြိမ် ပေါင်းများစွာ ပစ်ခတ်ခဲ့သည့်အပြင်‌ လေကြောင်းမှ K8 -W လေယာဉ်ဖြင့် ၄ ကြိမ်တိုင်တိုင် ဗုံးကျဲ တိုက်ခိုက်ခဲ့သဖြင့် တော်လှန်ရေးတပ်ဖွဲ့ဝင် ၄ ဦးမစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် မျောက်ချောကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အသက်အရွယ်ကြီးရင့်သူ အမျိုးသမီးတစ်ဦး သွေးလန့်သေဆုံးခဲ့ရသည့်အပြင် အကြမ်း ဖက်စစ်သားများက မျောက်ချောကျေးရွာအတွင်း ဝင်ရောက်ကာ နေအိမ်အလုံး ၄၀ ခန့်ကို မီးရှို့ ဖျက် ဆီးခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်း ၊မွန်ပြည်တော်လှန်ရေး တပ် (MSRF) ၊ NMSP(AD) ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားတပ်မတော် ABSDF တပ်ရင်း – ၁ ၊ KTLA ၊တနင်္သာရီ တပ်ရင်း ၂ ၊ Ye Air Force (YAF) ၊ (Saw Dragon Drone Force – SDDF) ဒရုန်း အထူးတပ်ဖွဲ့ နှင့် ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) တို့ပူးပေါင်းကာ တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *