TNLA News

0 0
Read Time:3 Minute, 2 Second

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) (၉)ရက်မြောက် တိုက်ပွဲသတင်းအပါအဝင် တအာင်းပြည်အတွင်းက သတင်းများ စုစည်းမှု (ရုပ်သံ)

 

D Day News

ဇူလိုင်လ ၃

 

တအာင်းပြည် တပ်မဟာ (၂)စစ်ဒေသ နောင်ချိုမြို၌ တအာင်းတပ်မတော် TNLA နှင့် စစ်ကောင်စီ တပ်တို့ကြား တိုက်ပွဲပြင်းထန်ဖြစ်ပွားပြီး စစ်ကောင်စီတပ်သည် ဘန့်ဘွေးရွာဒေသမှ ဒုံးတပ် (၆၀၆) တပ်စခန်းသို့ ဟောင်ဝိဇာ လက်နက်ကြီး (၂၀) လုံးအား ပစ်ခတ်ခဲ့ကြောင်း သိရသည်။

 

ထိုအပြင် ယနေ့ ဇူလိုင်လ ၃ ရက် မွန်းတည့် ၁၂ နာရီ မိနစ် ၅၀ အချိန်တွင် တပ်မဟာ (၃) စစ်ဒေသ မိုးမိတ်မြို့နယ်၊ ညောင်နီရွာဒေသတွင် တအာင်းတပ်မတော် TNLA နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

 

အလားတူ ယနေ့ ဇူလိုင်လ ၃ ရက် ည ၈ နာရီအချိန်တွင် မိုးမိတ်မြို့နယ်တွင် တအာင်းတပ်မတော် TNLA ၊ PDF – မိုးကုတ်ဗျူဟာ ပူးပေါင်းတပ်ဖွဲ့တို့က အကြမ်းဖက်စစ်ကောင်စီ၏ ရွှေသာယာတပ် စခန်းအား ထိုးစစ်ဆင်တိုက်ခိုက်ရာ နှစ်ဖက်တိုက်ပွဲပြင်းထန်ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

 

လားရှိုး၊ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊ မိုးမိတ်နှင့် သီပေါ်မြို့နယ်တို့တွင် စစ်တပ်က လေကြောင်း လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ၃၂ ဦးသေဆုံးပြီး နေအိမ် ၅၀ ကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

 

ယနေ့ ဇူလိုင်လ ၃ ရက်နေ့ နံနက် ၈ နာရီ မိနစ် ၃၀ အချိန်တွင် လားရှိုးမြို့၊ အမှတ် ၁ ရက်ကွက် ရှိ နေအိမ်တစ်လုံးပေါ်သို့ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးတစ်လုံး ကျရောက် ပေါက်ကွဲခဲ့ပြီး နေအိမ်အတွင်းရှိ မိသားစုဝင် ၆ ဦး စလုံးပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

 

အလားတူ လားရှိးမြို့နယ် နမ့်ပေါင်ကျေးရွာတွင်လည်း နေအိမ်တစ်အိမ်အပေါ်သို့ စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အမျိုးသမီး ၁ ဦး ပွဲချင်းပြီးသေဆုံးကာ အမျိုးသား (၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ထိုအပြင် ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊ မိုးမိတ်၊သီပေါမြို့တွင်လည်း တအာင်းတပ်မတော် (TNLA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတိုအကြား တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီမှ လေကြောင်းနှင့် လက်နက် ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၂၅ ဦးသေဆုံးပြီး၊ (၃၇)ဦး ထိခိုက်ဒဏ်ရာရရှိသည့်အပြင် အရပ် သားပြည်သူနေအိမ် အလုံဒး ၅၀ နီးပါး ထိခိုက်ပျက်ဆီးခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေး ဌာနက ထုတ်ပြန်သည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *