Thayetchaung News

0 0
Read Time:1 Minute, 45 Second

သရက်ချောင်းမြို့နယ်၊ ထားဝယ် -သရက်ချောင်းလမ်းပေါ်တွင် ပျူကား ၂ စီးကို ပစ်ခတ်တိုက်ခိုက်မှု ပျူ ၁ ဦးသေဆုံး (ရုပ်သံ)

 

D Day News

ဇူလိုင်လ ၃

 

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် ၊ ထားဝယ် -သရက်ချောင်း လမ်းပိုင်းတွင် ပျူများ လိုက်ပါလာ သော ကား ၂ စီးကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ ပျူ ၁ ဦးသေဆုံးခဲ့ကြောင်း ဒေါင်းညီနောင်စစ်ကြောင်း ထံမှ သိရသည်။

 

ယမန်နေ့ ဇူလိုင်လ ၂ ရက် ညနေ ၄ နာရီခန့်တွင် ထားဝယ်မြို့မှ သရက်ချောင်းမြို့နယ်ကို ဆင်းလာ သော အကြမ်းဖက် စစ်တပ် လက်အောက်ခံ ပျူများ လိုက်ပါလာသည့် ကား ၂ စီးကို ထားဝယ်- သ ရက်ချောင်း လမ်းပိုင်း တစ်နေရာတွင် ဒေါင်းညီနောင် စစ်ကြောင်းမှ ရဲဘော်များက အသင့်စောင့်ကြို ကာ ကြားဖြတ် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုအတွင်း ပျု ၁ ဦး သေဆုံးပြီး ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကာ ဒေါင်းညီ နောင် စစ်ကြောင်း ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာလာနိုင်ခဲ့ကြောင်း သိရသည်။

 

ဒေါင်းညီနောင် စစ်ကြောင်းသည် စစ်ရေး လှုပ်ရှားမှုများကို အရှိန်မြှင့် ဆောင်ရွက်မည်ပြီး ပြည်သူများ အနေဖြင့် စစ်ကောင်စီ တပ်သားများ၊ ပျူများနှင့် နီးစပ်သော နေရာများကို မဖြစ်မနေ သွားရမည် ဆိုပါက စစ်ရေး သတိရှိစွာဖြင့် ဖြတ်သန်းသွားလာကြရန် မေတ္တာရပ်ခံတိုက်တွန်းထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *