Singu News

0 0
Read Time:1 Minute, 47 Second

စဉ့်ကူးမြို့နယ်၊ နွယ်ရုံရဲစခန်းအပါအဝင် စစ်တပ်စခန်း ၇ ခုကို သိမ်းပိုက်ရရှိပြီး စစ်သား ၁၁ ဦး ထက် မနည်း သေဆုံး၊ စစ်သုံ့ပန်း ၁၃ ဦးနှင့် လက်နက်မျိုုးစုံ ၄၀ ကျော်သိမ်းဆည်းရရှိ

 

D Day News

ဇူလိုင်လ ၃

 

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ နွယ်ရုံရဲစခန်းအပါအဝင် စစ်တပ်စခန်း ၇ ခုကို သိမ်းပိုက်ရရှိထားရရှိပြီး စစ်သား ၁၁ ဦးထက်မနည်းသေဆုံးကာ စစ်သုံ့ပန်း ၁၃ ဦးနှင့် လက်နက် ၄၀ ကျော်သိမ်းပိုက်ရရှိထား ကြောင်း မန္တလေး PDF တပ်ဖွဲ့က ထုတ် ပြန်သည်။

 

စဉ့်ကူးမြိုနယ်အတွင်းရှိ ဒိုးနွယ်ရွာ တပ်စခန်း ၊ နမ့်ဟပ်ရွာ တပ်စခန်း ၊ မာလဲဆည် ရှင်းလင်းဆောင် တပ်စခန်း ၊ ရွှေမာလဲစေတီ တပ်ခစန်း ၊ ရွာတော်လေး တပ်စခန်း နှင့် နွယ်ရုံ ရဲစခန်းတို့ကို အပြီးသတ် သိမ်းပိုက်ထားပြီးဖြစ်ကြောင်း၊ စစ်သုံ့ပန်း ၁၃ ဦး အရှင်ဖမ်းမိပြီး လက်နက်မျိုးစုံ ၄၀ ကျော်နှင့် ခဲယမ်းအများအပြားသိမ်းဆည်းရရှိထားကြောင်း သိရသည်။

ယင်းတိုက်ပွဲများအတွင်း စဉ့်ကူးမြို့နယ် ပကဖ မှ ထောက်ပို့ ဆိုင်ရာကိစ္စရပ်များတွင် ပံ့ပိုးကူညီပေး လျက်ရှိကြောင်း၊ စဉ့်ကူးမြို့နယ်အတွင်းရှိ သတ်မှတ်ထားသော စစ်ရေးပစ်မှတ်များကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန် ထားသည်။

 

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)သည် “၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂” နှင့်အတူ စဉ့်ကူး မြို့နယ်တွင်လည်း စစ်ဆင်ရေးများကို ဟန်ချက်ညီညီဖော်ဆောင်လျက်ရှိကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *