Ngazun News

0 0
Read Time:1 Minute, 45 Second

ငါန်းဇွန်မြို့နယ်၊ မြို့သာရဲစခန်းအဝင် ဂိတ်ကင်းစခန်းအတွင်း မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

 

D Day News

ဇူလိုင်လ ၃

 

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာရဲစခန်းအဝင် ဂိတ်ကင်းစခန်းကို မိုင်းထောင်ဖောက်ခွဲ တိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ငါန်းဇွန်မြို့နယ်ပြည်သူ့ကာကွယ်ရေး အဖွဲ့ – ငါန်းဇွန်ပကဖ ထံမှ သိရသည်။

 

ယမန်နေ့ ဇူလိုင်လ ၂ ရက် ညနေ ၃ နာရီကျော်က ငါန်းဇွန်မြို့နယ် ၊ မြို့သာမြို့ ရဲစခန်းအဝင် ဂိတ် ကင်းစခန်းအတွင်း မိုင်းထောင်ပြီး ကင်းစောင့်ရန်လာသည့် အကြမ်းဖက်စစ်သားများကို ငါန်းဇွန် မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ငါန်းဇွန်ပကဖ ရဲဘော်များက မိုင်းထောင် ဖောက်ခွဲတိုက်ခိုက် ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

 

“သူတို့မရှိခင် ထောင်ထားခဲ့ပြီး သူတို့ကင်းလာချတဲ့အချိန် ဖောက်ခွဲလိုက်တာ။ ကျနော်တို့ ငါန်းဇွန်မြို့ နယ် ပကဖအဖွဲ့တစ်ဖွဲ့ထဲပဲ လုပ်ဆောင်ခဲ့တာပါ။ စခ ၃ ဦးကျတယ်။ ကျနော်တို့ ရဲဘော်တွေအားလုံး ဘေးကင်းပါတယ်။ မိဘပြည်သူတွေအနေနဲ့ စစ်အုပ်စုနဲ့ ပတ်သက်ဆက်နွှယ်တဲ့နေရာတွေနဲ့ အနီး ကပ်နေထိုင်တာတွေ ရှောင်ရှားပေးဖို့ မေတ္တာရပ်ခံပါတယ်” ဟု ငါန်းဇွန်မြို့နယ်ပြည်သူ့ကာကွယ်ရေး အဖွဲ့ – ငါန်းဇွန်ပကဖမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *