Chaung U News

0 0
Read Time:2 Minute, 42 Second

ချောင်းဦးမြို့နယ်၊မုံရွာ-မန္တလေးလမ်းပေါ်တွင် ကြေးနီတင်ယာဉ်တန်းကို ထန်းလုံးမိုင်းများဖြင့် ၂ ရက် ဆက်တိုက် ဖောက်ခွဲ တိုက်ခိုက်

 

D Day News

ဇူလိုင်လ ၃

 

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ -မန္တလေးလမ်းပေါ်တွင် ကြေးနီတင်ယာဉ်တန်းကို ထန်းလုံး မိုင်းများဖြင့် ၂ ရက် ဆက်တိုက် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း People’s Defence Force – South Monywa ထံမှ သိရသည်။

 

ယမန်နေ့ ဇူလိုင်လ ၁ ရက် ညနေ ၅ နာရီ ၂၃ မိနစ်အချိန်ခန့်က စစ်ကိုင်းမြို မှ ထွက်လာသော ကြေးနီ တင်တွဲကား ၁၇ စီးပါ ယာဥ်တန်း အနက် ၂ စီးမြောက် လိုက်ပါ လာသော တွဲကားကို မုံရွာ-ချောင်းဦး လမ်း ပိုင်း တိုးဂိတ်အနီး၌ ထန်းလုံးမိုင်းအကြီး ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

အလားတူ ဇူလိုင်လ ၂ ရက် နံနက် ၉ နာရီ ၂၃ မိနစ်တွင် ဝမ်ပေါင်ဘက်မှထွက်လာသော ကြေးနီတင် တွဲ ကား ၁၇ စီးပါယာဥ်တန်း အနက် ၆ စီးမြောက်တွဲကားနှင့် ၇ စီးမြောက်တွဲကားတို့ကို နတ်ရေကန် နှင့် ရေပိုးစားကြား၌ ထန်းလုံးမိုင်းအကြီး ၂ လုံး ၂ ပွိုင့် စုစုပေါင်း ၄ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ တစ်စီးမှာ ခေါင်းပိုင်းထိမှန်၍ ကျန်တစ်စီးမှာ ခါးပိုင်းအားထိမှန်ခဲ့ကြောင်း၊ ထိမှန်သောကားများမှာ အ ရှိန်လျော့သွားပြီး ဖြည်းဖြည်းချင်း ဆက်လက်မောင်းနှင်သွားကြောင်း သိရသည်။

 

“သေဆုံးထိခိုက်ပျက်စီးမှုကတော့ စုံစမ်းလို့ မရသေးဘူး။ မိုင်းဆွဲပြီးတော့ ကင်းပုန်းတွေက ပြန်ပစ် တာရှိပါတယ်။ လမ်းဘေးတလျှောက် နေရာအနှံ့မှာ ကင်းပုန်းတွေက ရှိနေတော့ တော်တော် ဂရုစိုက် ပြီး မိုင်းထောင်ခွဲခဲ့ရတာပါ” ဟု People’s Defence Force – South Monywa မှ သတင်းနှင့်ပြန်ကြား ရေးတာဝန်ခံ Daung Karyan က ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုများကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း – People’s Defence Force – South Monywa ၊ Youth Vigor Revolution Force ၊ Black Hunter People’s Task Force ၊ နွေဦးလူငယ် People’s Defence Force ၊ တောသားကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Myinmu Local Defence Force ၊ Pentagram နှင့် မြန်မာအစ္စလာမ်အထူးကွန်မန်ဒိုတပ်ဖွဲ့တို့ လက်တွဲကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *