AA News

0 0
Read Time:2 Minute, 20 Second

သံတွဲမြို့ကို သိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး မသမာအုပ်စုက AA နာမည်ကို အလွဲ သုံးစား လုပ်ကာ ငွေလိမ်တောင်းခံမှုများရှိဟု AA သတိပေး

 

D Day News

ဇူလိုင်လ ၃

 

ရခိုင်ပြည်နယ်၊ သံတွဲမြို့ကို သိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး မသမာအုပ်စုက AA နာမည်ကို အလွဲသုံးစားလုပ်ကာ ငွေလိမ်တောင်းခံမှုများရှိကြောင်း AA က ယမန်နေ့ ဇူလိုင်လ ၂ ရက်န့တွင် ထုတ်ပြန်ထားသည်။

 

အာရက္ခတပ်တော်အနေဖြင့် သံတွဲမြို့ရှိ ဖက်ဆစ်စစ်ကောင်စီ၏ စခန်းများအပါအဝင် သိမ်းပိုက်ရန် ကျန်ရှိနေသေးသော အခြားမြို့များရှိ စစ်စခန်းများအားလုံးကို မရပ်မနား ထိုးစစ်ဆင်တိုက်ခိုက်လျက် ရှိရာ တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိကြောင်း သိရသည်။

ဤကဲ့သို တိုက်ပွဲများပြင်းထန်နေမှုကို အခွင့်ကောင်းယူလျက် မသမာသူ အုပ်စုတစ်စုသည် ULA/AA နာမည်ကိုအသုံးပြုကာ သံတွဲ၊ ငပလီပတ်ဝန်းကျင်ရှိ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းရှင်များထံ မှ အတင်းအဓမ္မ ငွေလိမ်လည် တောင်းခံကောက်ယူနေကြောင်း ရခိုင့်တပ်တော် – AA ထုတ်ပြန်ချက် တွင်ဖော်ပြထားသည်။

 

ထိုကဲ့သို့ ULA/AA နာမည်ကို အသုံးပြုပြီး အယောင်ဆောင် ငွေလိမ်တောင်းခံနေသောသူများ အနေ ဖြင့် ယခုကဲ့သိုသော လုပ်ရပ်များအား ချက်ချင်းရပ်တန့်ရန် သတိပေးထားသည်။

 

ရခိုင့်တပ်တော် အနေဖြင့် သံတွဲ၊ ငပလီပတ်ဝန်းကျင်ရှိ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းရှင် များထံမှ ယခုကဲ့သို အခွန်ကောက်ခံခြင်း၊ ငွေကြေးတောင်းခံခြင်းမျိုး မရှိကြောင်း၊ ယခုကဲ့သို့ ခြိမ်း ခြောက်ငွေညှစ် တောင်းခံခြင်းများ ထပ်မံရှိလာပါက ULA/AA ဗဟိုဌာနချုပ်နှင့် သံတွဲဒေသ တာဝန် ခံများထံသို့ အချိန်မရွေး တိုက်ရိုက်ဆက်သွယ်ပြီး စုံစမ်းမေးမြန်းနိုင်ကြောင်း အသိပေးထုတ်ပြန် ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *