Yangon News

0 0
Read Time:2 Minute, 8 Second

ရန်ကုန်တိုင်းစစ်ဌာန၊ PDF တပ်ရင်း ၅၁၀၂ ကို ထပ်မံဖွဲ့စည်း

 

D Day News

ဇူလိုင်လ ၂

 

ရန်ကုန်တိုင်းစစ်ဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF တပ်ရင်း ၅၁၀၂ ကို ထပ်မံဖွဲ့စည်း လိုက်ကြောင်း ထုတ်ပြန်ကြေညာသည်။

 

ဇူလိုင်လ ၁ ရက်နေ့တွင် ရန်ကုန်တိုင်း စစ်ဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၅၁၀၂ ကို ထပ်မံဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီကို အမြစ်ဖြတ်ချေမှုန်းနိုင်ရေးကို စဉ်ဆက် မ ပြတ် ကြိုးပမ်း အင်အားဖြည့်တင်းသည့်အနေဖြင့် လေ့ကျင့်ရည်ပြည့်ဝသော စစ်သည်တော်ကောင်း များဖြင့်ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်း စစ်ဌာန၏ ပထမဆုံးတပ်ရင်းဖြစ်သည့် အမှတ် ၅၁၀၁ တပ်ရင်းကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဖွဲ့စည်းခဲ့ပြီး စစ်ဆင်ရေးနယ်မြေအသီးသီး၌ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနှင့် ပူးပေါင်းကာ တိုက်ပွဲ များ စဉ်ဆက်မပြတ် ဖော်ဆောင်၍ အကြမ်းဖက်စစ်ကောင်စီကို တိုက်ခိုက်ချေမှုန်းလျက်ရှိကြောင်း သိရသည်။

 

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနသည် ၂၀၂၁ ခုနှစ်၊ မေလ ၅ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကို စတင်ဖွဲ့စည်း၍ အကြမ်းဖက်စစ်ကောင်စီအား အပြီး တိုင် အမြစ်ဖြတ် ချေမှုန်းရေးအတွက် နိုင်ငံတစ်ဝန်းရှိ စစ်ဒေသခွဲနယ်မြေ အသီးသီးတွင် တပ်ရင်း/ တပ်ဖွဲ့များ ဖွဲ့စည်းထားကြောင်း၊ စစ်ရေးလှုပ်ရှားမှုများ စဉ်ဆက်မပြတ် လှုပ်ရှားဆောင်ရွက်နိုင်ရန် လမ်းညွှန်ခဲ့ပြီး နိုင်ငံအနှံ့အပြားတွင် တပ်ရင်းပေါင်းများစွာ ဖွဲ့စည်းကာ တိုက်ပွဲဝင်လျက်ရှိကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *