TNLA News

0 0
Read Time:3 Minute, 9 Second

နောင်ချိုမြို့တွင် သိမ်းပိုက်ခံရသည့်တပ်ရင်းများမှ စစ်သားများသွားရောက်ပူးပေါင်းထားသည့် အမှတ် ၆၀၆ ဒုံးတပ်ရင်းတွင် တိုက်ပွဲပြင်းထန်ပြီး စစ်တပ်က လေကြောင်းပစ်ကူပေးတိုက်ခိုက်နေ

 

D Day News

ဇူလိုင်လ ၂

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် သိမ်းပိုက်ခံရသည့် တပ်ရင်းများမှ စစ်ကောင်စီ တပ်သားများ သွားရောက်ပူးပေါင်းထားသည့် အမှတ် ၆၀၆ တပ်ရင်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်နေကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနထံမှ သိရသည်။

 

ယနေ့ ဇူလိုင်လ ၂ ရက် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ တအာင်းပြည် တပ်မဟာ ၂ စစ်ဒေသ နောင်ချိုမြို့ရှိ ဒုံးတပ်ရင်း ၆၀၆ တပ်စခန်းတွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားရာ ဒုံးတပ်ရင်းသို့ ဘန့်ဘွေးရွာမှ စစ်ကောင်စီတပ်သားများက လက်နက်ကြီး ၁၆ လုံး ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း၊ ထို့အပြင် လေကြောင်းပစ်ကူပါ အသုံးပြုတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်သား ၅၀ ဦးကိုလည်း ပြန် ဖြည့်တင်းမှုလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ယင်းအကြမ်းဖက်စစ်ကောင်စီ ဒုံးတပ်ရင်းတွင် စကခ ၁ လက်အောက်ခံ ခမရ ၁၁၄ ၊ ခမရ ၁၁၅ နှင့် တပ်မ ၉၉ လက်အောက်ခံ ခမရ ၃၀၁ ၊ ခမရ ၃၀၃ ၊ ခမရ ၃၀၆ တို့မှ တပ်သားများ ပူးပေါင်း ထား ကြောင်း၊ ခမရ ၁၁၄ နှင့် ၁၁၅ တပ်စခန်းများ တအာင်းတပ်မတော်မှ သိမ်းပိုက်လိုက်ပြီးနောက် ကျန် ရှိသည့် တပ်ဖွဲ့ဝင်အချို့မှာ အဆိုပါအမှတ် ၆၀၆ ဒုံးတပ်သို့ သွားရောက်ပူးပေါင်းခဲ့ကြောင်း သိရသည်။

 

ဇူလိုင် ၁ ရက်နေ့က နောင်ချိုမြို့ အမှတ် ၆၀၆ ဒုံးတပ်တိုက်ပွဲနေရာကို အကြမ်းဖက် စစ်ကောင်စီမှ Jet Fighter ၅ စီး၊ MI-35 ၂ စီး၊ Y-12 ၁ စီးဖြင့် ပစ်ကူပေးခဲ့သည့်အပြင် Y-12 ၁ စီးဖြင့် လက်နက် ခဲယမ်းများ လာရောက်ပိုဆောင်ပေးခဲ့ကြောင်း သိရသည်။

 

အလားတူ ယနေ့ ဇူလိုင်လ ၂ ရက် နံနက် ၆ နာရီခန့်တွင် တပ်မဟာ ၂ စစ်ဒေသ ကျောက်မဲမြို့ရှိ အ ကြမ်းဖက်စစ်‌ကောင်စီ၏ ခမရ ၅၀၁ ၊ ခမရ ၅၀၂ တပ် စခန်းတို့ကို တအာင်းတပ်မတော်မှ ထိုးစစ် ဆင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ထို့အပြင် တပ်မဟာ ၃ စစ်ဒေသ မိုးမိတ်မြို့မှ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က ၁၂၀ မမ လက်နက် ကြီးဖြင့် မကျီးပင် ဒေသသို့ ပစ်ခတ်ခဲ့ကြောင်း၊ ယမန်နေ့ ဇူလိုင်လ ၁ ရက်နေ့ကလည်း မိုးမိတ်မြို့တပ် စခန်းနှင့် ပလက်တီနမ်ဟိုတယ်အနီး တပ်စွဲထားသည့်စစ်ကောင်စီတပ်မှ ညောင်နီနှင့် သရက်ချိုရွာ ဘက်သို့ ၁၂၀ မမ နှင့် ၄၅ မမ လက်နက်ကြီး ၇ လုံးပစ်ခတ်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *