PNLA News

0 0
Read Time:2 Minute, 44 Second

ဆီဆိုင်မြို့နယ်နှင့်ပင်လောင်းမြို့နယ်တို့တွင် အကြမ်းဖက်စစ်တပ်က နေအိမ်များကို တိုက်ခိုက် မီးရှို့ဖျက်ဆီး (ရုပ်သံ)

 

D Day News

ဇူလိုင်လ ၂

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဆီဆိုင်မြို့နယ်နှင့် ပင်လောင်းမြို့နယ်တို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့်လက်အောက်ခံပြည်သူ့စစ်များက စစ်ကြောင်းထိုးကာ ပြည်သူ့ နေ အိမ် များကို မီးရှို့ဖျက်ဆီးနေကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးဌာနထံက သိရသည်။

 

ဇွန်လ ၂၇ ရက်တွင် စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်များသည် ဆီဆိုင်မြို့နယ် ထီဗွာ(ရေဖြူ)ကျေးရွာနှင့် ကယန်းလေးကျေးရွာအတွင်းရှိ နေအိမ်များကို မီးရှိဖျက်ဆီးခဲ့ကြောင်း သိရ သည်။

ထီဗွာကျေးရွာသည် စစ်ကောင်စီနှင့် လက်ပါးစေပြည်သူ့စစ်များက တပ်စွဲထားသည့်ကျေးရွာဖြစ်ပြီး မေလ ၁၅ ရ‌က် ၁၆ရက် ၁၇ ရက်နေ့တွင်လည်း ပထမအကြိမ် ပြည်သူလူထုနေအိမ် ၂၄ အိမ်ထက်မ နည်းကို အကြမ်းဖက်စစ်ကောင်စီနှင့် လက်ပါးစေပြည်သူ့စစ်များက မီးရှိဖျက်ဆီးခဲ့သေးကြောင်း သိရသည်။

 

ယခု ဒုတိယအကြိမ်တွင်လည်း ထီဗွာကျေးရွာနှင့်ကယန်းလေးကျေးရွာရှိ ပြည်သူလူထု၏ နေအိမ် ၁၆ အိမ်ထက်မနည်း မီးလောင်ပျက်စီးခဲ့သည်ဟု စုံစမ်းသိရှိရပြီး မြေပြင်တွင် ပိုများနိုင်ကြောင်း PNLA က သတင်းထုတ်ပြန်ထားသည်။

 

ထိုအပြင် ပင်လောင်းမြို့နယ် တောင်ပိုင်းတွင်လည်း စစ်ကောင်စီနှင့်လက်ပါးစေပြည်သူ့စစ်များက ထိုးစစ်ဆင်နေလျက်ရှိရာ ယနေ့ ဇူလိုင်လ ၂ ရက်နေ့ တွင် ဆောင်းပြောင်းကျေးရွာအတွင်းသို့ လက် နက်ကြီးများ၊ ဒရုန်းများ၊ လေယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် ပြည်သူလူထုအချို့ ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး နေအိမ်များ ပျက်စီးခဲ့ရကြောင်း သိရသည်။

 

အကြမ်းဖက်စစ်သားများက တိုက်ခိုက်လျက်ရှိသည့် ဆောင်းပြောင်းကျေးရွာအတွင်း၌ ပြည်သူ ၃၀၀ ကျော် ပိတ်မိနေပြီး ရွာသူ၊ ရွာသားများကို ထွက်ခွင့်မပေးပဲ အကြမ်းဖက် စစ်ကောင်စီနှင့် လက်ပါးစေ ပြည်သူ့စစ်များက လူသားဒိုင်းအဖြစ် ပြုလုပ်နေကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *