Myaing News

0 0
Read Time:2 Minute, 12 Second

မြိုင်မြို့နယ်၊ သရက်ကန် ပျူစောထီးကျေးရွာအနှံ့ကို ရော့ကတ်လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက် (ရုပ်သံ)

 

D Day News

ဇူလိုင်လ ၂

 

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကန်ပျူစောထီးကျေးရွာအနှံ့ကို ရော့ကတ်လက်နက်ကြီးများဖြင့် ပစ် ခတ် တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိကြောင်း Young Force – UG တပ်ဖွဲ့ထံမှ သိရသည်။

 

ဇွန်လ ၃၀ ရက် နံနက် ၈ နာရီ အချိန်ခန့်က မြိုင်မြို့နယ၊ သရက်ပျူစောထီးကျေးရွာကို Rocket လက်နက်ကြီးဖြင့် ၅ လုံး ပစ်ခတ်ခဲ့ပြီးနောက် နံနက် ၈ နာရီ ၃၀ မိနစ်အချိန်တွင် Rocket လက်နက် ကြီး ၅ လုံးထပ်မံ ပစ်ခတ်ခဲ့ရာ သရက်ကန်ပျူစောထီးကျေးရွာ တောင်ပိုင်း၌ ကျရောက်ပေါက်ကွဲခဲ့ ကြောင်း သိရသည်။

 

အလားတူ ဇူလိုင်လ ၁ ရက် နေ့တွင် မြိုင်မြို့နယ်၊ သရက်ကန် ပျူစောထီးကျေးရွာနေရာ အများ အပြားကို Rocket ရော့ကတ်လက်နက်ကြီး အများအပြားပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ် သား၊ ပျူစောထီးများ အများအပြား ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။

“၂ ရက်ဆက်တိုက်ရွာအနှံ့ပစ်ခဲ့တာဆိုတော့ ထိခိုက်မှုကတော့ရှိတယ်၊ အပျက်အစီးတွေလည်း ရှိတယ်၊ အတိအကျတော့ မသိရသေးဘူး။ အပြင်ထွက်လာမလားစောင့်နေတာ ထွက်မလာ သလို သူတို့ဘက်က ပြန်လည်ပစ်ခတ်တာမျိုးလည်းမရှိခဲ့ဘူး။ ဘန်ကာတွေထဲမှာပဲ ကြောက်ပြီး ပုန်းနေပြ တယ်လို့ ယူဆရတယ်” ဟု Young Force – UG တပ်ဖွဲ့မှ သတင်းနှင့် ပြန်ကြား ရေးတာဝန်ခံ ကိုပိန်က ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုများကို ကျားသစ်နက်တပ်ဖွဲ့၊ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -၂ Cobra One ၊ Taty-PKU I Thurain-TR နှ့င် Young Force – UG တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *