Maddayar News

0 0
Read Time:2 Minute, 43 Second

မတ္တရာမြို့နယ်ရှိ လေကြောင်းရန်ကာကွယ်ရေးတပ် အင်ကြင်းမြိုင်စခန်းအပါအဝင် စစ်တပ်စခန်း ၈ ခုကို အပြီးသတ်သိမ်းပိုက်၊ လက်နက်ချအညံ့ခံသူ ၆၄ ၊ မိသားစုဝင် ၁၁၇ ဦးကို ဖမ်းမိပြီး၊ လက်နက် မျိုးစုံ ၁၂၅ သိမ်းပိုက်ရရှိ

 

D Day News

ဇူလိုင်လ ၂

 

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်းရှိ လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့ အင်ကြင်းမြိုင်စခန်း အပါအဝင် စစ်တပ်စခန်း ၈ ခုကို အပြီးသတ်သိမ်းပိုက်ရရှိထားကြောင်း မန္တလေး PDF တပ်ဖွဲ့က ထုတ်ပြန်သည်။

 

ယခုအခါ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)အနေဖြင့် မတ္တရာမြို့နယ်အတွင်းရှိ (၁၀၁၄) လေကြောင်းရန်ကာကွယ်ရေး အင်ကြင်းမြိုင်တပ်စခန်း ၊ ဆည်တော်တပ်စခန်း ၊ ပန်းသလဲတောင် တပ်စခန်း ၊ ရေစိုတောင် တပ်စခန်း ၊ နေကျော်တောင် တပ်စခန်း ၊ ရွှေပုထိုး တပ်စခန်း ၊ ကျောက်ခ လုတ် တပ်စခန်း နှင့် Alpha ဘိလပ်မြေစက်ရုံ၏ စိုးမိုးကုန်းဖြစ်သော မြေနီတောင် တပ်စခန်းများကို အပြီးသတ်သိမ်းပိုက်ရရှိပြီး ဖြစ်ကြောင်း အသိပေးထားသည်။

 

ယင်းစစ်တပ်စခန်းသိမ်းပိုက်မှုအတွင်း ဖမ်းဆီးရမိစစ်သုံပန်းနှင့် လက်နက်ချအညံ့ခံသူ ၆၄ ဦး အရှင် ဖမ်းဆီးရမိခဲ့ပြီး သုံပန်းဥပဒေနှင့်အညီ ထိန်းသိမ်းထားကြောင်း၊ ထိုအပြင် တပ်မိသားစုဝင်များဖြစ် သည့် အမျိုးသမီး ၊ သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များ စုစုပေါင်း ၁၁၇ ဦးခန့်ကိုလည်း ကောင်းမွန်စွာ ထိန်းသိမ်းထားကြောင်း သိရသည်။

မတ္တရာစစ်ဆင်ရေးနယ်မြေအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သားများထံမှ လက်နက်မျိုးစုံ (၁၂၅) လက်နှင့် ဆက်စပ်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

မတ္တရာမြိုနယ်အတွင်းရှိ စစ်ဆင်ရေးများတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နှင့်အတူ ဒေသခံအဖွဲအစည်းဖြစ်သည့် မတ္တရာမျိုးမှန်တပ်ဖွဲ့လည်း ပူးပေါင်းပါဝင် တိုက်ခိုက်လျက်ရှိပြီး သတ် မှတ်ထားသည့် စစ်ရေးပစ်မှတ်များကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း မန္တလေး PDF တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

 

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) သည် “၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂)”နှင့်အတူ ဟန် ချက် ညီညီ တိုက်ပွဲဝင်လျက်ရှိပြီး နောင်ချို ၊ မိုးကုတ် ၊ ကျောက်မဲနှင့် မတ္တရာ စစ်မျက်နှာများတွင် စစ်ဆင်ရေးများ ဖော်ဆောင်လျက်ရှိသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *