ကျောက်မဲနှင့်နောင်ချိုမြို့ကို စစ်တပ်က လေကြောင်းမှ ပေါင် ၅၀၀ ဗုံးကြဲတိုက်မှုကြောင့် One Love Hotel ၊ ကမ္ဘောဇရှမ်းဘုန်းကြီးကျောင်းနှင့်နေအိမ် ၃၀ ခန့်ပျက်စီး
D Day News
ဇူလိုင်လ ၁
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နှင့်နောင်ချိုမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက် ဖိုက်တာဖြင့်ပေါင် ၅၀၀ ဗုံး ကြဲချတိုက်ခိုက်မှုကြောင့် One Love Hotel ၊ ကမ္ဘောဇရှမ်းဘုန်းကြီး ကျောင်းနှင့်နေအိမ် ၃၀ ခန့်ပျက်စီးခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနထံက သိရသည်။
ယမန်နေ့ ဇွန်လ ၃၀ ရက် ညသန်းခေါင်ယံအချိန် ၁၂ နာရီဝန်းကျင်ခန့်က ကျောက်မဲမြို့ ၊ ရပ် ကွက်၁ ရှိ One Love Hotel အနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး ကြဲချခဲ့ရာ One Love Hotel ၊ ပင်လုံလမ်းမအနီးရှိ ကမ္ဘောဇရှမ်းဘုန်းကြီးကျောင်းဆောင်နှင့် ပြည် သူပိုင် နေအိမ် အလုံး ၂၀ နီးပါး ပျက်စီးခဲ့ရကြောင်း သိရသည်။
အလားတူ ယမန်နေ့ ဇွန်လ ၃၀ ရက် နံနက်ပိုင်းကလည်း အကြမ်းဖက် စစ်ကောင်စီတပ်မှ လက်နက် ကြီး ပစ်ခတ်မှုကြောင့် ကျောက်မဲမြို့၊ ရပ်ကွက် ၉ ရှိ ဆီဆိုင်တစ်ဆိုင်တွင် ဗုံးကျရောက် ပေါက်ကွဲပြီး မီးလောင်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ဇွန်လ ၂၉ ရက် ည ၁၀ နာရီ မိနစ် ၃၀ ဝန်းကျင် နောင်ချိုမြို့ မီးသတ်ရုံးအနီးတွင် စစ်ကောင် စီတပ်က ဂျက်လေယာဥ်ဖြင့် အင်အားပြင်းလက်နက်ဖြစ်သည့် ပေါင် ၅၀၀ ဗုံး လာရောက်ကြဲချတိုက် ခိုက်ခဲ့ရာ ပြည်သူပိုင် နေအိမ် ၈ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
D Day News