Nyaung Lay Bin News

0 0
Read Time:2 Minute, 22 Second

ညောင်လေးပင်ခရိုင်တွင် ၆ လအတွင်း တိုက်ပွဲပေါင်း ၉၆ ကြိမ်ဖြစ်ကာ အကြမ်းဖက်စစ်သား ၂၇၃ ဦးသေဆုံး

 

D Day News

ဇူလိုင်လ ၁

 

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင် (ညောင်လေးပင်) အတွင်း၌ ၆ လအတွင်း တိုက်ပွဲပေါင်း ၉၆ ကြိမ်ဖြစ်ပြီး အကြမ်းဖက်စစ်သား ၂၇၃ ဦးသေဆုံးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။

 

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ ကေအဲန်ယူ−ကရင်အမျိုးသားအစည်း အရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင် အတွင်း ရှိ ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (K.N.D.O) တပ်ရင်း ၃ ၏ နယ်မြေဖြစ်သော နတ်သံကွင်း− ကျောက်ကြီး−မူသယ်မှ−တပ်မဟာ ၅ နယ်စပ်အထိ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တပ်ရင်း ၃ နှင့် အာဏာသိမ်း အ ကြမ်းဖက်စစ်ကောင်စီတပ်များအကြား တိုက်ပွဲပေါင်း ၉၆ ကြိမ်ဖြစ်ခဲ့ ကြောင်း သိရသည်။

ယင်းတိုက်ပွဲများအတွင်း အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်မှ ၂၇၃ ဦး သေဆုံးခဲ့ပြီး ၁၅၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်မှ ရိက္ခာပို့ရာတွင် အသုံးပြုသော မြင်း ၆၂ ကောင် သေဆုံးပြီး အကောင် ၄၀ မှာ ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း၊ စစ်သုံးကား ၃ စီးနှင့် ဆိုင်ကယ် ၇ စီးတို့မှာလည်း ထိ ခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

 

တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သားများထံမှ MA-1 အမျိုးအစား သေနတ် ၁ လက် ၊ MA ကျည် အတောင့် ၁၂၀၀ ၊ M-14 လုံး၊ 60 MM ၆ လုံး နှင့် မြင်း ၃ ကောင်ကို ကရင်အမျိုးသား ကာ ကွယ်ရေးအဖွဲ့ (K.N.D.O) မှ သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။

 

ထို့အပြင် ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) မှ တပ်ဖွဲ့ဝင် ၄ ဦး တိုင်းပြည်နှင့် လူမျိုး အတွက် အသက်ပေးလှူခဲ့ရပြီး ၁၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထား သည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *