Aung Lan News

0 0
Read Time:3 Minute, 41 Second

အောင်လံမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်မှု စစ်သား ၁၀ ဦးထက်မနည်းသေဆုံး

 

D Day News

ဇူလိုင်လ ၁

 

မကွေးတိုင်း၊ အောင်လံမြို့နယ်တွင် အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း အောင်လံမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ – အောင်လံ ပကဖ ထံမှ သိရသည်။

 

ဇွန်လ ၁၆ ရက် မွန်းလွဲ ၂ နာရီခန့်က အောင်လံမြို့နယ်၊ တပလိုင်း၊ မဲခေါင်း၊ မလယ်သာ၊ ကရင်မစမ်း ရွာ စသည့် ကျေးရွာများဘက်သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်တပ်စစ် ကြောင်းကို တော်လှန်ရေးအင်အားစုများက တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း၊ ထို့နောက် ဇွန်လ ၁၈ ရက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်နှင့် ည ၉ နာရီ ၃၀ မိနစ်အချိန်တွင် ယင်းအကြမ်းဖက်စစ်တပ် စစ် ကြောင်းကို ပဒေသာမိုင်းဖြင့် ၂ ကြိမ် တိုက်ခိုက်ခဲ့ရာ ကားတစ်စီး တိမ်းမှောက်သွားကြောင်း သိရ သည်။

ထိုသို့ တိုက်ခိုက်မှု ၂ ကြိမ်အတွင်း အကြမ်းဖက်စစ်သား ၁၀ ဦးထက်မနည်းသေဆုံးပြီး ၁၃ ဦးခန့် ထိ ခိုက် ဒဏ်ရာရရှိကာ ယင်းထိခိုက်ဒဏ်ရာရရှိသူများတွင် ၅ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ တော်လှန်ရေးအင်အားစုတပ်ဖွဲ့ဝင်များအထိအခိုက်မရှိခဲ့ကြောင်း သိရသည်။

 

အထိနာသွားသော အကြမ်းဖက်စစ်သားများသည် အောင်လံမြို့နယ်၊ သမ္ဘူလကျေးရွာ ဘက်မှ ကပစ ၁၅ ဘက်သို့ ပြန်ဆုတ်သွားပြီး အင်အား ၅၀ ကျော်ပါ စစ်ကြောင်း တစ်ကြောင်း ထပ်မံစုဖွဲ့ကာ ဇွန်လ ၂၃ ရက်နေ့မှ ၂၈ ရက်နေ့အထိ တောတောင်၊ လျှိုမြောင်များကို ဖြတ်ကျော်၍ တော်လှန်ရေး အင်အား စုများ၏ ထုတ်လုပ်ရေးစခန်းငယ်တစ်ခုကို ဝင်ရောက်စီးနင်းကာ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

 

“စခန်းစီးနင်းခံရပေမယ့် တပ်ဖွဲ့ဝင်တွေ အထိအခိုက် မရှိခဲ့ပါဘူး။ စခန်းထဲက ပစ္စည်းတွေကို ဖျက်ဆီး သွားတယ်၊ ဆုံးရှုံးမှုတန်ဖိုးက ဘယ်လောက်ရှိမယ် မသိရသေးဘူး။ သူတို့က ကျနော်တို့ စခန်းရှိနိုင် မယ် ထင်တဲ့နေရာတွေကို လိုက်ရှာရင်း အမှတ်မထင်တွေ့သွားတာ၊ အောင်လံမြို့နေမိဘပြည်သူတွေ အနေနဲ့ အခုလို လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်နေတဲ့ ကျနော်တို့အဖွဲ့တွေကို အတတ်နိုင်ဆုံး ကူညီပံ့ပိုးပေးကြပါဦးလို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု အောင်လံမြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ – ပကဖ မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ထိုသို့ စခန်းဖျက်ဆီးပြီးနောက် ဆင်ပေါင်ဝဲမြို့နယ်၊ ဝါးစေ့မြောက်ကျေးရွာဘက်မှတဆင့် ကိုးပင် ကျေးရွာဘက်သို့ ဆုတ်ခွာသွားပြီး ကိုးပင်ကျေးရွာမှ အောင်လံ -ပြည်ကားလမ်းမကြီးအတိုင်း အောင်လံမြို့သို့ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို အောင်လံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – အောင်လံ ပ.က.ဖ ၊ သရက် ခရိုင် အမှတ် ၁ တပ်ရင်း၊ မကွေးခရိုင် အမှတ် ၂ တပ်ရင်း၊ တပ်ခွဲ ၂ ၊ နေပြည်တော်တပ်ရင်း ၉၀၂ နှင့် မကွေးတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ – SMPDF တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *