ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံဆရာတော်ကြီးကို ပစ်လိုက်သည့် ကျည်သည် ဆရာတော်ကြီးသာမက ဗုဒ္ဓ ဘာသာ တစ်ခုလုံးကို ထိမှန်ခဲ့ဟု AAPP ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်ပြော
D Day News
ဇွန်လ ၃၀
ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံဆရာတော်ကြီးကို ပစ်ခတ်လိုက်သည့် ကျည်သည် ဆရာတော်ကြီးသာမက ဗုဒ္ဓ ဘာသာတစ်လုံးကို ထိမှန်ခဲ့ဟု AAPP ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်ပြောကြားသည်။
ယနေ့ ဇွန်လ ၃၀ ရက်နံနက် ၁၀ နာရီအချိန်က ထိုင်းနိုင်ငံ၊မဲဆောက်မြို့ တစ်နေရာတွင် ဒွလ်အဿွ် ဟာ ကုရ်ဗာနီအီးဒ် အထိမ်းအမှတ် ဘာသာပေါင်း စုံ မိတ်ဆုံစားပွဲ ကျင်းပပြုလုပ်ခဲ့သည့် အခမ်းအနား တွင် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“ပဲခူး ဝင်းနိမ္မိတာရုံဆရာတော်ကြီးဆိုရင် တကယ့်သူတော်စင်သူတော်မြတ်ကြီးပါ၊ ဒီလိုဆရာတော် ကြီးကို သူတို့က ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ကြံသတ်ဖြတ်လိုက်တာသည် ဆရာတော်ကြီးပစ်လိုက်တဲ့ ကျည်က ဆရာတော်ကြီးတင်မကဘူး။ ဗုဒ္ဓဘာသာတစ်ခုလုံးကို ထိတယ်၊ နောက်တစ်ခုကတော့ လူမျိုးပေါင်းစုံ၊ ခရစ္စယာန်ရော၊ ဟိန္ဒူရော၊ အစ္စလာမ်ရော လူမျိုးပေါင်းစုံ၊ဘာသာပေါင်းစုံကို ဖိနှိပ်တဲ့ အတွက် လက်ခံနိုင်စရာအကြောင်းမရှိပါဘူး။ ဆရာတော်ကြီးကို လုပ်ကြံသတ်ဖြတ်လိုက်တဲ့ အကျိုး ဆက်ကြောင့် ကံဆောင်သပိတ်တွေက မနေ့က ညအထိဆိုရင် ၁၁ မြို့နယ်လောက်ဖြစ်သွားပြီ။ အဲဒါ ကလည်း သံဃာထုနဲ့လူထုကြားထဲမှာ စည်းလုံး ညီညွတ်မှုအင်မတန်မှ လိုအပ်ပါတယ်။” AAPP ဦးဆောင်ကော်မတီဝင်၊ ဘာသာပေါင်းစုံ ကွန်ယက် အဖွဲ့ဝင် ဦးထွန်းကြည်က ပြောကြားသည်။
မြန်မာနိုင်ငံသည် ဘာသာပေါင်းစုံ ညီညွတ်ရန် အရေးကြီးပြီး တိုင်းပြည်တည်ဆောက်ရေး၊ စစ်အာ ဏာရှင်ချုပ်ငြိမ်းရေးအတွက် နွေဦးတော်လှန်ရေး၏ ဗဟိုချက်မ ဖြစ်သည်ဟု ဆိုသည်။
“ကျနော်တို့တိုင်းပြည်မှာ စုံလင်ကွဲပြားတဲ့ဘာသာပေါင်းစုံစည်းလုံးညီညွတ်မှုဟာ တိုင်းပြည် တည် ဆောက်ရေးမှာလည်းကောင်း၊ စစ်အာဏာရှင်အမြန်ဆုံးချုပ်ငြိမ်းရေးမှာ သော်လည်းကောင်း၊ အတွေး အခေါ်တော်လှန်ရေးလှန်ရေးမှာသော်လည်းကောင်း ဘယ်လိုနေရာဖြစ်ဖြစ် အခရာကျတယ်၊ နွေဦး တော်လှန်ရေးရဲ့ ဗဟိုချက်မဖြစ်တယ်ဆိုတာ သတင်းစကားပါးချင်တယ်၊ ကျနော်တို့ လက်သည်းဆိပ် လက်ထိပ်နာဆိုသလို အစ္စလာမ်ကိုပဲ ဆိတ်ဆိတ်၊ ဗုဒ္ဓဘာသာကိုယ်ပဲ ဆိတ်ဆိတ်၊ ဟိန္ဒူပဲ ဆိတ် ဆိတ်၊ ခရစ္စယာန်ပဲ ဆိတ်ဆိတ် ကျနော်တို့ဟာ ခန္ဓာကိုယ်တစ်ခုအသွင်နဲ့လက်ခံထားတဲ့အတွက် ကြောင့်မို့ အမှန်တရားနဲ့ ပတ်သက်ရင် လုံးဝကို ထိခိုက်ခံလို့မရဘူး၊ နောက်တစ်ခုက အမှန်တရားနဲ့ တရားမျှတမှုအတွက်ကို ဖော်ဆောင်ရမှဖြစ်တယ်။” ဟု AAPP ဦးဆောင်ကော်မတီဝင်၊ ဘာသာ ပေါင်းစုံ ကွန်ယက်အဖွဲ့ဝင် ဦးထွန်းကြည်က ပြောကြားသည်။
အဆိုပါ ဘာသာပေါင်စုံ မိတ်ဆုံ စားပွဲကို နွေဦးတော်လှန်ရေး သံဃာ့ကွန်ယက် ဆရာတော်ဥူးဝါယမ၊ နိုင်ငံရေးအကျဥ်းသားဟောင်း များအဖွဲ့ ဦးဆောင်ကော်မတီဝင်၊ ဘာသာပေါင်းစုံကွန်ရက်မှ ဦးထွန်း ကြည်တို့အပါအဝင် ခရစ္စယာန် ဘာသာရေးအဖွဲ့ဝင်များ၊ ဟိန္ဒူဘာသားရေးအဖွဲ့ဝင်များ တက်ရောက် ခဲ့ကြောင်း သိရသည်။
D Day News