TNLA News

0 0
Read Time:3 Minute, 3 Second

နောင်ချိုမြို့ ခမရ ၁၁၄ တပ်စခန်း၊ ရှုခင်းသာရှိ ခလရ ၁၄၆ တပ်စခန်းနှင့် မိုးကုတ်မြို့အောင်သာယာ တပ် စခန်းကို သိမ်းပိုက်ရရှိပြီး စစ်သားအလောင်း ၁၀ လောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်း ရရှိ

 

D Day News

ဇွန်လ ၂၉

 

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း ၅ ရက်မြောက်နေ့တွင် နောင်ချိုမြို့ ခမရ ၁၁၄ တပ်စခန်း၊ ရှုခင်း သာရှိ ခလရ ၁၄၆ တပ်စခန်းနှင့် မိုးကုတ်မြို့အောင်သာယာ တပ် စခန်းကို သိမ်းပိုက်ရရှိပြီး စစ်သား အလောင်း ၁၀ လောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း TNLA သတင်းနှင့်ပြန် ကြားရေးဌာနထံက သိရသည်။

 

ယနေ့ ဇွန်လ ၁၉ ရက်နေ့တွင် တပ်မဟာ ၂ စစ်ဒေသ မိုးကုတ်မြို့နှင့် နောင်ချိုမြို့ ခမရ (၁၄၄) တပ် စခန်းကို တိုက်ခိုက်သိမ်းပိုက်ရာတွင် စစ်ကောင်စီလက်နက်များဖြစ်သည့် ပစ္စတို(၈)လက်၊ MA-1(၈) လက်၊ MA-2 (၃)လက် MA-3 (၃)၊ G3(၂)လက်၊ ရိုက်ဖယ်သေနတ် (၁၅)လက်၊ ကာဘိုင်သေနတ် (၁၀) လက်၊ MA-15 ငါးဂျင်းမီး (၃)လက်၊ M79 (၁)၊ RPG (၁)လက်၊ ကွန်မန်ဒိုစိန်ပြောင်း (၄)လက်၊ 12 MM (၁)လက်၊ 81MM(၂)လက်၊ 81MM နောက်ပွင့် (၁)လက်၊ 60MM (၂)လက်၊ ဂျမ်ဘာ (၂)ခု၊ ဗုံးများ၊ မိုင်းများနှင့် စကားပြောစက်များ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အလားတူ ယနေ့ ဇွန်လ ၂၉ ရက် ညနေ ၃ နာရီ ၅၅ မိနစ်တွင် တပ်မဟာ (၂)စစ်ဒေသ မိုးကုတ်မြို့ အရှေ့ပိုင်းရှိ စစ်ကောင်စီ၏ အောင်သာယာနှင့် အာကာမိုး တပ်စခန်းကို တအာင်းတပ်မတော်TNLA မှ တိုက်ခိုက်သိမ်းပိုက်ရာတွင် စစ်ကောင်စီ တပ်သား အလောင်း (၁၀)လောင်း နှင့် လက်နက်ခဲယမ်းမျိုး စုံ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

ထို့အပြင် နံနက် ၇ နာရီအချိန်တွင် နောင်ချိုမြို့နယ် ရှုခင်းသာရှိ ခလရ ၁၄၆ တပ်စခန်းကို TNLA တပ်ဖွဲ့က သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

 

ယနေ့ ဇွန်လ ၂၉ ရက် နံနက် ၅ နာရီ မိနစ် ၂၀ အချိန်တွင် တပ်မဟာ (၃) စစ်ဒေသ မိုးမိတ်မြို့ ရွှေဆာ လီရွာ၌ လည်းကောင်း၊ နံနက် ၅ နာရီမှ ၂ နာရီ ၂၅ မိနစ် အချိန် လွယ်ဝိန်းရွာရှိ စစ်ကောင်စီတပ် စကခ ၂၁ ၊ ခလရ ၂၂၃ တပ်စခန်းနေရာ၌ လည်းကောင်း၊ နံနက် ၇ နာရီ ၂၅ မိနစ် အချိန်တွင် လယ်ကြီးရှိ စစ်ကောင်စီ စကာ ၂၁ တပ်စခန်း၊ ခမရ ၃၄၈ တပ်စခန်း၌လည်းကောင်း တိုက်ပွဲဖြစ်ပွားခဲ့ ကြောင်း သိရသည်။

 

ဇွန်လ ၂၉ ရက် နံနက် ၄ နာရီ မိနစ် ၄၀ အချိန်၊ တပ်မဟာ (၂) စစ်ဒေသ နောင်ချိုမြို့  စစ်ကောင်စီ တပ် ခမရ ၆၀၆ စခန်းကုန်းအား တအာင်းတပ်မတော် TNLA မှ တိုက်ခိုက်ခဲ့ကြောင်း TNLA  သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *