Nathogyi News

0 0
Read Time:2 Minute, 19 Second

နွားထိုးကြီးမြို့နယ်၊ လက်ဝဲရွာမှ နေအိမ် ၅ လုံးကို မီးရှို့ခဲ့သည့် စစ်သားများကို မိုင်းဆွဲတိုက်ခိုက်မှု စစ် သား ၅ ဦးသေဆုံး

 

D Day News

ဇွန်လ ၂၉

 

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ လက်ဝဲရွာမှ ပြည်သူ့နေအိမ် ၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့သော အကြမ်းဖက်စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း နွားထိုးကြီးမြို့ နယ်သတင်းစုံထံမှ သိရသည်။

 

ယနေ့ ဇွန်လ ၂၈ ရက်နံနက် ၆ နာရီခန့်က နွားထိုးကြီးမြို့နယ်၊ လက်သမားကန်ကျေးရွာအတွင်းသို့ ဖောကား ၊ အိမ်စီးကား ၂ စီးဖြင့် ဝင်ရောက်လာသော အကြမ်းဖက်စစ်သား ၄၀ ခန့်သည်လက်သမား ကန်ကျေးရွာမှ လက်ဝဲရွာ၊ မြင်းနီရွာဘက်သို့ လက်နက်ကြီး ၈ ချက်လှမ်းပစ်ကာ နံနက် ၆ နာရီ ၄၅ မိ နစ်အချိန်ခန့်တွင် လက်ဝဲရွာထဲသို့ ဝင်ရောက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ ဝင်ရောက်လာစဉ် လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရာ ပြည်သူတစ်ဦး ညာခြေသလုံး ကျည်ရှပ် ထိဒဏ်ရာရရှိခဲ့ပြီး ပြည်သူ့ နေအိမ် ၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့နောက် နံနက် ၁၀ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် မြင်းခြံမြို့နယ်၊ ကန်ဆင့်မြောက်ရွာထဲသို့ ဝင်ရောက်သွားကြောင်း သိရသည်။

 

ကန်ဆင့်မြောက်ရွာမှ ပြန်လည်ထွက်လာသော အကြမ်းဖက်စစ်သားများကို မြင်းခြံမြို့နယ် ပကဖ ၊ ကိုစွန်ရဲ ပြောက်ကျားတပ်ဖွဲ့နှ့င်မြင်းခြံခရိုင်အမှတ် ၁ တပ်ရင်းတို့က မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန် တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၅ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

“အခု စခစစ်ကြောင်းက မြင်းခြံမြို့ပေါ်ပြန်ရောက်သွားပြီ။ မြင်းခြံကနေ ကွမ်းစိုက်ကျေးရွာဘက်ကို ထွက်၊ ကွမ်းစိုက်ကျေးရွာမှာ ၂ ညအိပ်ပြီး ဒီမနက်မှ လက်သမားကန်ကျေးရွာဘက်ကို ကူးလာတာ” ဟု နွားထိုးကြီးမြို့နယ်သတင်းတာဝန်ခံက ပြောကြားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *