Min Hla News

0 0
Read Time:1 Minute, 57 Second

မင်းလှမြို့နယ်၊ ပုသိမ်-မုံရွာ လမ်းပိုင်းတွင် တိုက်ပွဲ ဖြစ်ပြီး စစ်သား ၄ ဦးသေဆုံး

 

D Day News

ဇွန်လ ၂၉

 

မကွေးတိုင်း၊ မင်းလှမြို့နယ်၊ ပုသိမ်-မုံရွာ လမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း United States Of Burma Army – USBA ထံမှ သိရသည်။

 

ဇွန်လ ၂၅ ရက်နေ့က မင်းလှမြို့နယ်၊ ပုသိမ်-မုံရွာ လမ်းမကြီးဘေး ရှမ်းတပ်တိုက်နယ်ရှိ ဘန့်ပြင် ကျေးရွာအနီးသို့ အင်အား ၇၀ ခန့်ဖြင့် စစ်ကြောင်း ထိုးလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်း ကို တော်လှန်ရေးတပ်ဖွဲ့မျးက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ပြီး အကြမ်း စစ်သား ၄ ဦး သေဆုံးကာ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို United States Of Burma Army – USBA ၊ West River Army – WRA ၊ Key Of Revolution Guerrillla Force – KRGF ၊ မင်းတုန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ၊ မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ၊ မကွေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) နှင့် Mindon Township People Defense Organization (မင်းတုန်းမြို့နယ်ပကဖ) တို့က ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ပူပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

ပြည်သူ့ကာကွယ်ရေး မဟာမိတ်တော်လှန်ရေးအင်အားစုများ ယခုထက်ပိုပြီး စစ်ရေးလှုပ်ရှားမှုများ‌ လုပ်ဆောင်နိုင်ရန် လက်နက်ခဲယ‌မ်း လိုအပ်ချက်များကို မိဘပြည်သူလူထုမှ ဝိုင်း၀န်းပံ့ပိုးပေးပါရန် ရိုသေလေးစာစွာဖြင့် အကူညီဝောာင်းခံထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *