TNLA News

0 0
Read Time:2 Minute, 35 Second

နောင်ချိုမြို့ ခမရ ၁၁၅ တပ်ရင်းကို သိမ်းပိုက်ရရှိပြီး လက်နက် ၃၈၀ ကျော်နှင့်ခဲယမ်းအမြောက် အများသိမ်းဆည်းရရှိ

 

D Day News

ဇွန်လ ၂၈

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၁၁၅ တပ်ရင်းကို အလုံးစုံ သိမ်းပိုက်ရရှိခဲ့ပြီး လက်နက်မျိုးစုံ ၃၈၀ ကျော်နှင့် ခဲယမ်းအမြောက်အများ သိမ်းဆည်းရရှိခဲ့ ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနထံက သိရသည်။

 

ယနေ့ ဇွန်လ ၂၈ ရက်နေ့တွင် မြောက်ပိုင်းညီနောင် မဟာမိတ် ၃ ဖွဲ့က ပူးပေါင်းဆင်နွှဲခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအဖြစ် TNLA သတင်းထုတ်ပြန်ရာတွင် ဖော်ပြထားပြီး နောင်ချိုမြို့နယ် အ တွင်းရှိ အကြမ်းဖက်စစ်ကောင်စီ၏ ကံ့တော်တပ်စခန်းနှင့်အခြားတပ်စခန်းများကိုလည်း ဇွန်လ ၂၆ ရက်နေ့က သိမ်းပိုက်ထားကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၁၁၅ တပ်ရင်းစခန်းအတွင်းမှ MA-1 သေနတ် ၂၄ လက်၊  MA-2 သေနတ် ၁၃ လက်၊ MA-3 သေနတ် ၃၆ လက်၊  MA-4 သေနတ် ၃ လက်၊  M22 သေနတ် ၁ လက်၊ G3 သေနတ် ၁၀ လက်၊  ရိုင်ဖယ်သေနတ် ၁၀၃ လက်၊ ကာဘိုင်သေနတ် ၁၅၉ လက် စသည့်ချေမှုန်းရေး လက်နက် စုစုပေါင်း = ၃၄၉ လက်ဖြစ်ကြောင်း၊  ထို့အပြင် စက်လက်အသေး ၁၁ လက်၊ MA-15 ငါး ကြင်းမြီး  ၁ လက်၊ 0.5  အမျိုးအစား ၁ လက်၊ M79  မမ ၁ လက်၊ ၈၁ မမ ၁ လက်၊ ၈၁ မမ နောက် ပွင့် ၂ လက်၊ RPG-7 အမျိုးအစား ၄ လက်၊ ၆၀ မမ ၂ လက်၊ ပြောင်းသေး ၆၀ မမ ၁၀ လက် တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

အလားတူ လက်နက်ငယ် ကျည်အမျိုးမျိုး ၅၀,၀၀၀ ကျော် ၊ RPG, 60/80 mm ကျည်အမျိုးမျိုး ၅၀၀ ကျော် ဗုံးသီး၊ မိုင်းနှင့် စကားပြောစက်များလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၁၁၅ တပ်ရင်းစခန်းကို တအာင်းတပ်မတော် TNLA နှင့် MDY-PDF ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ဇွန်လ ၂၆ ရက်နေ့က နောင်ချိုမြို့၊ ကံ့ကော်တပ်စခန်းနှင့် အခြားတပ်စခန်းမှ လက်နက်မျိုးစုံ ၅၀ ကျော်ကိုလည်း သိမ်းဆည်းရမိထားသည့်အပြင် လက်နက်ချအလင်းဝင်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦးနှင့်အတူ လက်နက်မျိုးစုံ ၅၀ ကျော်ပါ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *