Sagaing News

0 0
Read Time:2 Minute, 9 Second

စစ်ကိုင်းမြို့ရှိ အမှတ် ၃ ရဲလေ့ကျင့်ရေးသင်တန်းကျောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ရဲ ၂၀ ဦး သေဆုံး

 

D Day News

ဇွန်လ ၂၈

 

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်ရှိ အကြမ်းဖက်စစ်တပ် လက်အောက်ခံ အမှတ် ၃ ရဲ လေ့ကျင့်ရေး သင်တန်းကျောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ် လက်အောက်ခံ ရဲ ၂၀ ဦး သေဆုံးခဲ့ကြောင်း Sagaing District Drone Force ထံမှ သိရသည်။

 

ဇွန်လ ၂၅ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၃၀ အချိန်ခန့်က စစ်ကိုင်းမြို့ရှိ အမှတ် ၃ ရဲလေ့ကျင့်ရေး ကျောင်းကို SDDFနှင့်အတူ ညီနောင်မဟာမိတ်များမှ “Shar Htoo WAW”နည်းပညာ တိုက်ခိုက်ရေး Fixed Wings Droneများဖြင့် AIR BOMB ၁၄ လုံး ၊ Multi Wings များဖြင့် AIR BOMB ၁၂ လုံး ကြဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်လက်အောက်ခံ ရဲ ၂၀ ဦးသေဆုံးပြီးအများအပြား ထိခိုက်ဒဏ် ရာရရှိခဲ့ကြောင်း သိရသည်။

“သေတာက ရဲတွေလို့ပဲ သိရတယ်၊ အယောက် ၂၀ သေတာ အတည်ဖြစ်တယ်၊ အထိအခိုက်တွေ လည်း များတယ်၊ တန်းစီပြီး အဆောင်ထဲဝင်သွားတဲ့အချိန် အဆောင်တွေ ပေါ်ချခဲ့တာ။ သေဆုံး ဒဏ်ရာ ရတဲ့သူတွေကို သယ်တာ ကား ၇ စီးနဲ့ စစ်ကိုင်းဆေးရုံထဲကို သယ် တယ်။ ညဘက်ကျတော့ လက်နက်ကြီးနဲ့ ရမ်းပစ်တာတွေရှိတယ်။ ရဲသင်တန်းကျောင်းဆိုတော့ သင်တန်းသား ရဲတွေပဲဖြစ် မှာပါ” ဟု Sagaing District Drone Force မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါတိုက်ခိုက်မှုကို Sagaing District Drone Force – SDDF ၊ People’s knight Defense Force Myinmu (PKDF-MMU) ၊ Phoenix SGG ၊ စစ်ကိုင်းခရိုင် အမှတ် ၇ တပ်ရင်း တပ်ခွဲ ၄ ၊ စစ်ကိုင်းခရိုင် အမှတ် ၂ တပ်ရင်း တပ်ခွဲ ၂ ၊ MMU PDF ၊ တောတွင်းတွတ်ပီ ၊ SDP.camp-camp2 နှင့် စစ်ကိုင်းခရိုင် မစ်ဇိုင်းထုတ်လုပ်ရေး တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *