Myingyan News

0 0
Read Time:2 Minute, 10 Second

မြင်းခြံမြို့နယ်၊ လေးရွာဆုံကျေးရွာ ဘုန်းကြီးကျောင်း၌ တပ်စွဲထားသော စစ်သားများကို ဗုံးကျဲ တိုက်ခိုက်မှု ဗိုလ်အဆင့်ရှိသူတစ်ဦးအပါအဝင် ၂ ဦး သေဆုံး (ရုပ်သံ)

 

D Day News

ဇွန်လ ၂၇

 

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ လေးရွာဆုံကျေးရွာ ဘုန်းကြီးကျောင်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ဗိုလ်တစ်ဦးအပါအဝင် ၂ ဦးသေဆုံးခဲ့ ကြောင်း မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်း – NRDF ထံမှ သိရသည်။

 

ဇွန်လ ၂၅ ရက်ညနေ ၃ နာရီ ၅၀ မိနစ်အချိန်က မြင်းခြံမြို့နယ် လေးရွာဆုံကျေးရွာ၊ ဘုန်းကြီးကျောင်း ၌ အင်အား ၆၀ ခန့်ဖြင့် တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်း – NRDF ၏ Drone တပ်ဖွဲ့မှ Shar Htoo WOW နည်းပညာသုံး Fixed Wing Drone ဖြင့် ၁ ကြိမ် ၆၀ မမ လက်နက်ကြီးဖြင့် ၂ ကြိမ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ဒရုန်းနဲ့ တစ်ကြိမ်ချပြီး ၆၀ မမ လက်နက်ကြီးနဲ့ ၂ ကြိမ်ပဲ ပစ်ခတ်ခဲ့တာ၊ လက်နက်ငယ်နဲ့ အပြန်အ လှန်ပစ်ခတ်တာမျိုးမရှိခဲ့ဘူး။ သူတို့ဘက်ကလည်း ၄၀ မမနဲ့ တော့ ပြန်ပစ်တာရှိတယ်။ သေတဲ့ ဗိုလ် က ဗိုလ်အဆင့်လို့ပဲ ရှိတယ်၊ ဘယ်နှစ်ပွင့်လည်းဘာလဲ မသိရဘူး။ တပ်စွဲထားတာက ကြာပါပြီ။ အာ ဏာသိမ်းစကတည်းက အဲဒီဘုန်းကြီးကျောင်းမှာ တပ်စွဲထားတာ” ဟု မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်း – NRDF တာဝန်ခံ ကိုလင်းလက်က ပြောကြားသည်။

 

ထိုသို့ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ဗိုလ်တစ်ဦးနှင့် တပ်သား တစ်ဦးသေဆုံးပြီး မြင်းခြံမြို့ပေါ် မှ ဖောကား ၂ စီးဖြင့် အလောင်းများကို လာရောက်သယ်ဆောင်သွားကြောင်း၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *