KNU News

0 0
Read Time:3 Minute, 18 Second

ကျိုက်ထိုမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့်အသက် ၁၄ နှစ်အရွယ် ကလေး တစ်ဦး သေဆုံးပြီး ပြည်သူ တစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရ

 

D Day News

ဇွန်လ ၂၇

 

 

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်မှုများ ကြောင့် အသက် ၁၄ နှစ်အရွယ် ကလေးတစ်ဦး သေဆုံးပြီး ပြည်သူ တစ်သောင်းကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်း KNU ဗဟိုထံမှ သိရသည်။

 

ဇွန်လ ၂၁ ရက်  ညနေ ၃ နာရီဝန်းကျင်တွင် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့၌ တပ်စွဲထားသော အ ကြမ်းဖက် စစ်ကောင်စီတပ် (အမတ-၃၁၀)တပ်ရင်းစခန်းမှ လက်နက်ကြီး အလုံးရေများစွာ ပစ် ခတ်ခဲ့ရာ လက်နက်ကြီး (၁)လုံးသည် ကေအဲန်ယူ-ကျိုက်ထိုမြို့နယ်၊ ခရွဲကျေးနယ်၊ ခရွဲကျေးရွာ တောင်ကျောင်း ဘုန်းကြီးကျောင်းဝန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး တောင်ကျောင်းဘုန်းကြီး ကျောင်းထိုင် ဆရာတော်တစ်ပါးနှင့် ဦးဇင်း တစ်ပါး လက်နက်ကြီးကျည်စ ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

ထို့အပြင် အသက် ၇၅ နှစ်အရွယ်ရှိ ဦးစံတင်၏ ခြေမျက်စိနှင့် ခြေသလုံး၊ အသက် ၆၂ နှစ်အရွယ်ရှိ ဒေါ်စန်းမြင့်၏ ပေါင်နှင့် ဒူးခေါင်း တို့လည်း လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

 

တစ်ချိန်ထဲတွင် လက်နက်ကြီး ၁ လုံးမှာ ကေအဲန်ယူ-ကျိုက်ထိုမြို့နယ်၊ မုက္ခမော့ကျေးရွာ အောင် နဝင်း ဘုန်းကြီးကျောင်း မုဒ်ဝအနီးရှိ နေအိမ်အပေါ် ကျရောက်ပေါက်ကွဲပြီး အိမ်တစ်ခုလုံး ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။

 

ဇွန်လ ၁၄ ရက် ည ၁ နာရီ ၁၅ မိနစ်တွင် စစ်ကောင်စီ (အမတ.၃၁၀)တပ်ရင်းစခန်းမှ လက်နက်ကြီး ၂ လုံး ပစ်ခတ်ရာ (ခမရ- ၂၀၇)နှင့် (အမတ-၃၁၀) တပ်ရင်းစခန်းတို့၏ တမိုင်ခွဲအကွာ၌ တည်ရှိသော ဒေသအခေါ်အဝေါ်(ကျောက်ဟတ်ကွင်း)ရှိ ခြံတစ်အတွင်း ကျရောက်ပေါက်ကွဲခဲ့ရာ အသက် အသက် ၁၄ နှစ်အရွယ်ရှိ မနန္ဒာလင်း၏ ညာဘက်မျက်လုံး ထိမှန် ပေါက်ထွက်ကာ သေဆုံးခဲ့ပြီး အသက် ၁ နှစ် ၅ လအရွယ်ရှိ မရွှေဇင်လေး၏ ညာဘက်နားထင်နှင့် နှဖူးတို့ကို ရှပ်ထိဒဏ်ရာ ရရှိခဲ့ကြောင်း သိရ သည်။

 

ပြီးခဲ့သည့် ဇွန်လ ၂ ရက်နှင့် ဇွန်လ ၁၂ ရက်နေ့တို့တွင်လည်း ၎င်းစစ်ကောင်စီတပ်စခန်းမှ ကျိုက်ထို မြို့နယ်ရှိ ဒေသနေပြည်သူများနေထိုင်ရာ နေရာများထဲသို့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့ပြီး ဇွန်လ ၁၄ ရက်နေ့ကလည်း လက်နက်ကြီး ၁၅ လုံးဝန်းကျင်ခန့် ပစ်ခတ်ခဲ့ သေးကြောင်း သိရသည်။

 

ထိုသို့ အကြမ်းဖက်စစ်တပ်က ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများဖြင့် နေ့စဉ်ပစ်ခတ်လျက်ရှိရာ ဒေသနေပြည်သူ တစ်သောင်းကျော် အိုးစွန့်ခွာထွက်ပြေးနေရကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *