ကျောက်မဲနှင့်နောင်ချိုမြို့နယ်တို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် TNLA တပ်ဖွဲ့ကြား ၁၀၂၇ စစ်ဆင်ရေး အဆက် တိုက်ပွဲ ပြန်ဖြစ်
D Day News
ဇွန်လ ၂၅
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်နှင့် နောင်ချိုမြို့နယ်တို့တွင် အကြမ်းဖက်စစ်ကောင်စီ နှင့် TNLA တပ်ဖွဲ့တို့ကြား ၁၀၂၇ စစ်ဆင်ရေးအဆက်တိုက်ပွဲပြန်ဖြစ်နေကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနထံက သိရသည်။
ယနေ့ ဇွန်လ ၂၅ ရက် နံနက် ၅ နာရီ မိနစ် ၃၀ အချိန်ခန့်က တအာင်းပြည်၊ တပ်မဟာ ၂ စစ်ဒေသ၊ နောင်ချိုမြို့နယ်၊ ကျောက်ကြမ်းရွာတွင် အကြမ်းဖက် စစ်ကောင်စီ တပ်နှင့်တအာင်း တပ်မတော် PSLF/ TNLA တို့ကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး အကြမ်းဖက်စစ်ကောင်စီတပ်က Jet Fighter ဖြင့် ဗုံး ၄ လုံး လာရောက် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အလားတူ နံနက် ၅ နာရီ မိနစ် ၃၀ အချိန် တအာင်းပြည်၊ တပ်မဟာ ၂ စစ်ဒေသ၊ ကျောက်မဲမြို့နယ် ငြိမ်းချမ်းရေးကုန်းတွင် အကြမ်းဖက် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် PSLF/TNLA တို့ ကြား တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။
အကြမ်းဖက်စစ်ကောင်စီသည် မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးအတွင်း ကိုးကန့်ဒေသနှင့် တအာင်းဒေသရှိ မြို့နယ်များ လက်လွှတ်ဆုံးရှုံးမှုများပြားလာချိန်တွင် တရုတ်နိုင်ငံ ၏ ကြားဝင်မှုဖြင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့က ဟိုင်ဂင်သဘောတူချက်ဖြင့် အပစ်အခတ် ရပ်စဲရေး ရယူခဲ့သော်လည်း အကြိမ်ကြိမ် ချိုးဖောက်ကာ တအာင်းပြည်နယ်အတွင်းရှိ မြို့ရွာများ၊ စခန်းများကို လေကြောင်း၊ လက်နက်ကြီးများ ဖြင့်တိုက်ခိုက်ပြီး စစ်အင်အားဖြင့် တင်းခြင်းများလုပ် ဆောင်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဟိုင်ဂင်သဘောတူညီချက် ၅ လကျော်ကြာမြင့်လာချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က TNLA တပ်စခန်းများရှိရာ ဘက်သို့ စစ်ကြောင်းချီ ထိုးစစ်ဆင်မှုများလုပ်ဆောင်ကာ ပြောင်ပြောင် တင်းတင်းချိုးဖောက်မှုရှိလာသဖြင့် တိုက်ပွဲဖြစ်ပြန်ဖြစ်နေခြင်းဖြစ်ကြောင်း ဒေသသတင်းရင်းများထံမှ သိရသည်။
D Day News