Myingyan News

0 0
Read Time:2 Minute, 10 Second

မြင်းခြံခရိုင်တွင် ၂၄ ရက်ကြာတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၄၀ အထက်သေဆုံးပြီး ဗိုလ်မှူး တစ်ဦးအပါအဝင် ၅ ဦးအရှင်ဖမ်းမိကာ လက်နက် ၂၀ကျော်နှင့်ခဲယမ်းများစွာ သိမ်းဆည်းရရှိ

 

D Day News

ဇွန်လ ၂၅

 

မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်း၌ ၂၄ ရက်ကြာ တိုက်ပွဲအတွင်းအကြမ်းဖက်စစ်သား ၄၀ ဦးအထက် သေဆုံးကာ ဗိုလ်မှူးတစ်ဦးအပါအဝင် စစ်သား ၅ ဦး အရှင်ဖမ်းမိပြီး လက်နက် ၂၁ လက်နှင့်ခဲယမ်း များ သိမ်းဆည်းရရှိခဲ့ကြောင်း နွားထိုးကြီး PDF ထံမှ သိရသည်။

 

ဇွန်လ ၂ ရက်နေ့မှ ၂၅ ရက်နေ့အထိ မြင်းခြံခရိုင်အတွင်းလှည့်လည်နေသော အကြမ်းဖက်စစ်သားများ ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ စုစုပေါင်း ၁၂ ကြိမ်အထက်ဖြစ်ပွား ခဲ့ပြီး အကြမ်းဖက်စစ်သား ၄၀ အထက်သေဆုံးကာ ဗိုလ်မှူးအဆင့်ရှိသူတစ်ဦးအပါအဝင် ၅ ဦး ကိုအ ရှင်ဖမ်းမိခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်သားများ အသုံးပြုသော RPG-7 လက်နက်ကြီး ၁ လက်၊ ငါး ကြင်းမြီး စက်က် ၁ လက်၊ ၄၅ မမ စိန်ပြောင်း ၁ လက်၊ MA 1 သေနတ် ၄ လက်၊ MA 2 သေနတ် ၁ လက်၊ MA 3 သေနတ် ၄ လက်၊ G3 သေနတ် ၅ လက်၊ အူစီ သေနတ် ၂ လက်၊ MA5 ပစ္စတို သေနတ် ၂ လက်၊ ကျည်မျိုးစုံ အတောင့် ၃၀၀၀ ကျော်နှင့် အခြားသော ခဲယမ်းပစ္စည်းပေါင်းများစွာ သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မြင်ခြံခရိုင်အမှတ်- ၄ တပ်ရင်း – နွားထိုးကြီး PDF ၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်-မန္တလေး MDY-PDF ၊ မြင်းခြံမြို့နယ်-ပကဖ ၊ နွားထိုးကြီးမြို့နယ်-ပကဖ၊ တံတားဦးမြို့ နယ်-ပကဖ ၊ မြင်းခြံခရိုင်-Drone တပ်ဖွဲ့နှင့် မြင်းခြံခရိုင်အတွင်း၌ ရှိသော အခြားသော မဟာမိတ် တပ်ဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *