Momywa News

0 0
Read Time:4 Minute, 9 Second

မုံရွာမြို့နယ်တွင် ချင်းတွင်းမြစ်ကြောင်းမှ ဆန်တက်လာသော စစ်သင်္ဘောနှင့် ကြေးနီတင်ကား၊ မိုင်းရှာ စစ်သားများကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး

 

D Day News

ဇွန်လ ၂၅

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသော စစ်သင်္ဘောနှင့် ကြေးနီတင်ယာဉ်တန်း၊ မိုင်းရှာစစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း People’s Defence Force – South Monywa တပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဇွန်လ ၂၄ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန်တွင် ချောင်းဦးမြို့နယ်၊ မြပုလဲဂိတ်မှ ထွက် လာသော အကြမ်းဖက် စစ်သားများသည် မုံရွေးတိုးဂိတ်အနီး လမ်းသွားလမ်းလာပြည်သူများကိုတား ဆီး စစ်ဆေးအနိုင်ကျင့် ကာ ကြေးနီတင်တွဲကားများ၏ လုံခြုံရေးယူပေးနေစဉ် အကြမ်းဖက် စစ် သား ၂ ဦးသည် အသင့်ပြင် ထားသော မိုင်းကွင်းသို့ ရောက်ရှိလာသဖြင့် ပဒေသာမိုင်း ၃ လုံး ပွိုင့် တစ်ပြိုင့်ဖြင့်ဖောက်ခွဲ တိုက်ခိုက်ခဲ့ ရာ အကြမ်းဖက်စစ်သား ၁ ဦးသေဆုံးပြီး တစ်ဦး အပြင်း အထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း People’s Defence Force – South Monywa တပ်ဖွဲ့၊ Youth Vigor Revolution Force နှင့် Black Hunter People’s Task Forceတို့နှင့်လက်တွဲ ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သားများဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ် ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

“တစ်ဦးသေပြီး တစ်ဦးဒဏ်ရာရတဲ့သတင်းပဲ သိရသေးတယ်၊ ကျန်တာတော့ စုံစမ်းနေတုန်းပဲ၊” ဟု People’s Defence Force – South Monywa တပ်ဖွဲ့မှ Daung Karyan က ပြောကြားသည်။

 

အလားတူ ဇွန်လ ၂၄ ရက် နံနက် ၁၀ နာရီ ၄၃ မိနစ်အချိန်ခန့်က စစ်ကိုင်းမှ ထွက်လာသော ကြေးနီ တင် တွဲကား ၇ စီး အနက် ၆ စီးမြောက် တွဲကား နှင့် ၇ စီးမြောက်တွဲကားကို ပဒေသာမိုင်း ၃ ပွိုင့် ၂ ပွိုင့် ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်သား ထိခိုက်သေဆုံးမှု အခြေအနေကို စုံစမ်း နေ ဆဲဖြစ်ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း People’s Defence Force – South Monywa နွေဦးလူငယ် People’s Defence Force၊ တောသားကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Myinmu Local Defence Force၊ Pentagram နှင့် မြန်မာအစ္စလာမ်အထူးကွန်မန်ဒိုတပ်ဖွဲ့တို့ပူးပေါင်းကာ တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သားများက လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

ထို့အပြင်ဇွန်လ ၂၁ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်တွင် ဆင်ဖြူရှင်တံတားဘက်မှ ဆန်တက် လာသော အကြမ်းဖက်စစ်တပ် သင်္ဘော ၂ စီးနှင့် ဖလက်ခွန် ၁ စီးတို့ကို ဝဲကြီးဝဲကွဲရွာအနီး ချင်းတွင်းမြစ်ကြောင်း တနေရာ၌ လက်လုပ် ၆၀ မမ ၂ ဖူး၊ ရှေ့ထွက်မိုင်း ၁ လုံးတို့ ဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ကြောင်း သိရ သည်။

 

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း People’s Defence Force – South Monywa တပ်ဖွဲ့နှင့် မုံရွာမြို့နယ်၊ တိုက်နယ် ၃ ရပ်ကျေးပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့်လက်တွဲကာ တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရ သည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *