Chin State News

0 0
Read Time:3 Minute, 49 Second

မတူပီမြို့သိမ်းပိုက်တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၁၄၀ တပ်ရင်းနှင့် ဗျူဟာစခန်း ကုန်းတို့ရှိ ကာကင်းများကို သိမ်းပိုက်ရရှိ၊ ကျန်ရှိနေသော စခန်းနေရာ ၂ ခုကို အပြီးသတ် သိမ်းပိုက် နိုင်ရေး ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေ

 

D Day News

ဇွန်လ ၂၅

 

ချင်းပြည်နယ်၊ မတူပီမြို့သိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၁၄၀ တပ်ရင်းနှင့် ဗျူဟာစခန်းကုန်းတို့မှ ကာကင်းများကို သိမ်းဆည်းရရှိပြီး ကျန်ရှိနေသော တပ်စခန်း ၂ ခုကို အပြီး သတ်သိမ်းပိုက်နိုင်ရေး ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း ချင်းညီနောင် စစ်ဆင်ရေး သတင်းနှင့်ပြန်ကြားရေးဌာနထံမှ သိရသည်။

 

ယမန်နေ့ ဇွန်လ ၂၄ ရက် ညနေပိုင်းက CNF/CAN ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့များက ဆုတ်ခွာ သွားပြီး  ချင်းင်းညီနောင်စစ်ဆင်ရေးအနေဖြင့် နဂိုမူလ စစ်ဆင်ရေးရည်မှန်းချက်အတိုင်း မတူပီမြို့ သိမ်းတိုက်ပွဲကို ဆက်လက်ဆင်နွှဲလျက်ရှိရာ ခလရ ၁၄ဝ နှင့် မတူပီဗျူဟာကုန်းတို့မှ ကာကင်းတချို့ ကို တိုက်ခိုက် သိမ်းပိုက်ရရှိခဲ့ပြီးဖြစ်ကြောင်း၊ ကျန်ရှိနေသော ခလရ ၁၄၀ စခန်းနှင့် မတူပီဗျူဟာ ကုန်းတို့ကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး မတူပီမြို့ နယ်တစ်ခုလုံး စစ်ကောင်စီကင်း စင် နယ်မြေဖြစ်ရေးအတွက် အစွမ်းကုန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

“ခလရ ၁၄၀ နဲ့ စစ်ဗျူဟာ ၂ နေရာ သိမ်းဖို့ကျန်ပါသေးတယ်။ တိုက်ပွဲပြင်းထန်နေဆဲပါ၊ အခု လက် ရှိကာ ကာကင်းစခန်းတွေပဲ သိမ်းပိုက်ရရှိထားပါသေးတယ်၊ အခုဆက်လက်ပြီး တိုက်ပွဲတွေ ဆက် လက်ဆင်နွှဲနေပါတယ်၊ စစ်ဆင်ရေးကို ဦးဆောင်ပြုလုပ်နေတဲ့ ချင်းညီနောင် – CB နဲ့ မဟာမိတ်တွေ လိုအပ်တဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ အခြားထောက်ပံ့ရေးကိစ္စတွေကို တက်တက်ကြွကြွ ဆက်လက်ပါဝင် ပေးကြဖို့ မိဘပြည်သူတွေကို မေတ္တာရပ်ခံချင်ပါတယ်” ဟု ချင်းညီနောင် စစ်ဆင်ရေးသတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်နေ့က အကြမ်းဖက် စစ်ကောင်စီ၏ မတူပီအခြေစိုက် ခမရ ၃ဝ၄ တပ်ရင်း ကို အပြီးသတ်သိမ်းယူနိုင်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ၏ မတူပီအခြေစိုက် ခလရ ၁၄ဝ တပ်ရင်း နှင့် မတူပီဗျူဟာကုန်းအား သိမ်းယူနိုင်ရေးအတွက် ကြိုးပမ်းနေစဉ် CNF/CNA ဦးဆောင်သည့် ပူး ပေါင်းတပ်ဖွဲ့များမှ ချင်းညီနောင်နှင့် မဟာမိတ်များအား အလစ်အငိုက်လာရောက် ထိုးစစ်ဆင် တိုက် ခိုက်မှုများကြောင့် စစ်ဆင်ရေးနှောင့်နှေးမှုများ ကြုံတွေ့ခဲ့ရကြောင်း ချင်းညီနောင်က ထုတ်ပြန်ထား သည်။

 

CNF/CNA ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့များမှ ၎င်းတို့ စခန်းချတပ်စွဲခဲ့သော ငလိုင်နှင့် ဖနိုင်အကြား တောင်ကြောအနီးတဝိုက်တွင် မြေမြုပ်မိုင်း အများအပြား မြုပ်နှံထားခဲ့ကြောင်း၊ ထို့ကြောင့် မတူပီ မြို့နယ်အတွင်းရှိ မိဘပြည်သူများ အနေဖြင့် အဆိုပါနေရာများသို့ ဖြတ်သန်းသွားလာခြင်းများ မပြု လုပ်ကြပါရန်နှင့် အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများအား အထူးသတိပြုကြ ပါရန် အသိပေးနှိုးဆော်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *