Nyaung Shwe News

0 0
Read Time:2 Minute, 37 Second

ညောင်ရွှေမြို့နယ်၊ စစ်တပ်ဗျူဟာ စခန်းအနီးတွင် အခြေခံစစ်ပညာသင်ကြားမှုအဖြစ် လေ့ကျင့်ပစ် ခတ်စဉ် စစ်တပ်က ၎င်းတို့တပ်ကို လာရောက်တိုက်ခိုက်သည်ထင်ကာ လက်နက်ကြီးဖြင့်ပစ်ခတ်

 

D Day News

ဇွန်လ ၂၄

 

ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ်ဗျူဟာ စခန်းနှင့် အနီး ဆုံးနေရာတွင် အခြေခံစစ်ပညာသင်ကြားမှုအဖြစ် လေ့ကျင့် ပစ်ခတ်စဉ် အကြမ်းဖက်စစ်တပ်က ၎င်း တို့ စခန်းကို လာရောက်တိုက်ခိုက်သည်အထင်ဖြင့် လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ပျားစစ်ကြောင်းထံမှ သိရသည်။

 

ယမန်နေ့ ဇွန်လ ၂၃ ရက် ညနေ ၃ နာရီအချိန်တွင် ညောင်ရွှေမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ် ဗျူဟာ စခန်းနှင့်အနီးဆုံးနေရာတစ်ခုတွင် ပျားစစ်ကြောင်းမှ ပြုလုပ်သည့် စစ်အခြေခံလေ့ကျင့်ရေး သင်တန်း အပတ်စဥ် -၂/၂၀၂၄. သင်တန်းဆင်းပွဲအခန်းအနားကို ကျင်းပခဲ့ခြင်းဖြစ်ပြီး ယင်းသင်တန်း ကာလအတွင်း လေ့ကျင့်ပစ်ခတ်စဉ် အကြမ်းဖက်ဗျူဟာစခန်းမှ ၎င်းတို့တပ်ရင်းကို တိုက်ခိုက်သည် အထင်ဖြင့် လက်နက်ကြီးဖြင့် ပြန်လည် ပစ်ခတ်ခဲ့ဖြစ်ကြောင်း ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ပြည်သူ့ဘက်တော်သား ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်၊ ကဗျာ/စာရေးဆရာ သားသခင်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များမှ ဖိတ်ကြားထားသူတချို့တက်ရောက်ခဲ့ကြောင်း သိရ သည်။

ယင်းသင်တန်းကို ဧပြီလအတွင်းက စစ်စခန်းဗျူဟာ အနီးကပ်ဆုံးနေရာတွင် ဗိုလ်ကြီးဟောင်း ဦးနေ မျိုးဇင် နှင့် စာရေးဆရာသားသခင်တို့ ကိုယ်တိုင်တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး ပစ်ခတ်စဥ်က အစ ရန် သူ့ ဗျူဟာအနီး ရန်သူ မထင်မှတ်ထားသောနေရာတွင် သတင်းလုံခြုံရေး အထူးဂရုစိုက် ပစ်ခတ်လေ့ ကျင့်ခဲ့ရကြောင်း၊ အကြမ်းဖက်စစ်တပ်ကလည်း ၎င်းတို့စစ်စခန်းဗျူဟာကို လာပစ်သည် ထင်ပြီး လက် နက်ကြီးများဖြင့်ပြန်လည်ပစ်ခတ်မှုရှိခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် ဆရာဦးနေမျိုးဇင် က ပြည်သူများက ပေးအပ်လှူဒါန်းလာသောသိန်းတစ်ရာ ကျော်တန်ဖို့ရှိ ကျည်ကာဦးထုတ်အလုံး၂၀ ကို ပျားစစ်ကြောင်းရဲဘော်များထံ ပေးအပ်ခဲ့ကြောင်း ပျားစစ်ကြောင်း က ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *