Nyaung Lay Bin News

0 0
Read Time:1 Minute, 40 Second

ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာမှ ထွက်လာသော စစ်သားများကို တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

 

D Day News

ဇွန်လ ၂၄

 

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာမှ ထွက်လာသော အကြမ်းဖက်စစ်သားများ ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Fire Dragon PDF တပ်ဖွဲ့ထံမှ သိရသည်။

 

ယနေ့ ဇွန်လ ၂၄ ရက် ညနေ ၆ နာရီ ၃၀ မိနစ်အချိန်က ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာ မှ ထွက်လာသော အကြမ်းဖက်စစ်သားများကို ဆွဲဒလွဲအနီးတွင် ကင်းပုန်းစောင့်ပစ်ခတ်ခဲ့ရာ ရှေ့ဆုံး မှ တက်လာသော တိုက်ကင်းအကြမ်းဖက်စစ်သား ၃ ဦးသေဆုံးခဲ့ပြီး ထပ်မံထိခိုက်သေဆုံးမှုရှိနိုင် ကြောင်း သိရသည်။

 

“ပုဇွန်မြောင်း ဆွဲဒလွဲမှာဖြစ်တာပါ။ ကျနော်တို့ကင်းပုန်းနဲ့ စခတိုက်ကင်းနဲ့တွေ့တာ။ ထိပ်ဆုံးက တက်လာတဲ့သူ ၃ ဦးလဲကျသေတယ်။ တက်လာတဲ့အင်အားကတော့ အတော်များတယ်၊ တိုက်ခိုက် ပြီး စခတွေ အပြင်ထွက်မလိုက်လာပါဘူး” ဟု Fire Dragon PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Fire Dragon PDF – မီးနဂါးအဖွဲ့ ကင်းပုန်းအဖွဲ့မှ ရဲဘော်များက တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *