Internet News

0 1
Read Time:14 Minute, 3 Second

ဒစ်ဂျစ်တယ်ထောက်လှမ်းရေးနှင့် အင်တာနက် ဆင်ဆာဖြတ်တောက်ရေးလုပ်ငန်းများရှိ မြန်မာစစ် အုပ်စု၏ မိတ်ဖက်များ အပိုင်း (၂) နောက်ဆုံးပိုင်း

 

D Day News

ဇွန်လ ၂၄

 

အင်တာနက်စောင့်ကြည့်ထောက်လှမ်းရေးနှင့် ဆင်ဆာဖြတ်တောက်မှုစနစ်သည် Mascots Group၊ ယင်းကုမ္ပဏီ၏ ဆက်စပ်ကုမ္ပဏီများနှင့် မြန်မာစစ်တပ်တို့အကြား လုပ်ကိုင်နေသော စီးပွားရေး လုပ်ငန်းများအနက် နောက်အကျဆုံးလုပ်ကိုင်နေသည့် စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည်။

 

ယခုလုပ်ငန်းကြောင့် ကုမ္ပဏီအနေဖြင့် စစ်အုပ်စု ကျူးလွန်နေသော နိုင်ငံတကာရာဇဝတ်မှုများတွင် ကြံရာပါ ပတ်သက်သွားခဲ့ပြီး၊ ယင်းသည် ဖက်ဒရယ် ဒီမိုကရေစီအတွက် မြန်မာလူထုတို့၏ ရုန်းကန် လှုပ်ရှားမှုကို ထိခိုက်ပျက်စီးစေသည်။

 

ဒေါက်တာဝင်းကျော်၊ ၎င်း၏ မိန်းမဖြစ်သူ ခင်ကေခိုင်နှင့် ၎င်းတို့၏ ရင်းနှီးသော လုပ်ဖော်ကိုင်ဖက် များဖြစ်သည့် မောင်မောင်ဦးနှင့် ဒေါက်တာထင်လင်းတို့သည် မြန်မာ၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့တွင် အနည်းဆုံး ကုမ္ပဏီပေါင်း ၃၀ ခန့်ဖြင့် ဖြန့်ကျက်ထားသော စီးပွားရေးကွန်ရက် တစ်ခုကို ပိုင်ဆိုင်ထား သည်။

 

မြန်မာစစ်အုပ်စုအတွက် လက်နက်နှင့်ကိရိယာများကို ကြားခံဝယ်ယူပေးသည့် King Royal Technologies ကွန်ရက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စား လှယ်က ဖော်ထုတ်သတ်မှတ်ထားသည့် ကုမ္ပဏီ ၁၈ ခုသည် အထက်ပါ စီးပွားရေးကွန်ရက်တွင် ထပ် မံ ပါဝင်နေသည်။

 

Mascots ကုမ္ပဏီအုပ်စုသည် ဝင်းကျော် က ဦးစီးဦးဆောင်ပြုနေသော ကုမ္ပဏီ ၅ ခုနှင့် စုဖွဲ့ထားသည့် ကွန်ရက်တစ်ခုဖြစ်သည်။

 

ဝင်းကျော်နှင့် ၎င်း၏ မိန်းမဖြစ်သူ ခင်ကေခိုင် ပိုင်ဆိုင်သည့် Mascots Technologies Company Limited သည် မြန်မာစစ်တပ်၏ ပစ္စည်းဝယ်ယူရေးညွှန်ကြားရေးမှူးရုံးတွင် ပစ္စည်းပေးသွင်းရောင်းချ သူအဖြစ် မှတ်ပုံတင်ထားသည့် ကုမ္ပဏီဖြစ်ပြီး၊ စစ်တပ်၏ တရားမဝင် အာဏာသိမ်း ကြိုးပမ်းမှု နောက်ပိုင်း ကုမ္ပဏီမှတ်ပုံတင်ကို သက်တမ်းတိုးထားသည်။

၂၀၂၁ ခုနှစ်မှစတင်သော Mascots Technologies ကုမ္ပဏီဝဘ်ဆိုဒ် အာခိုက်မှတ်တမ်းများတွင် အီ လက်ထရောနစ်နှင့်ဆက်သွယ်ရေး ဆိုင်ရာပစ္စည်းများနှင့်ဝန်ဆောင်မှုများ ပေးအပ်ကြောင်း၊ ယင်းတို့ တွင် “မြေပြင်စစ်သည်များအတွက် ရှေ့တန်းနေရာရှိ မော်တော်ယာဉ်တစ်ချင်းစီကို ခြေရာခံ ဆက် သွယ်နိုင်သည့် ဂြိုလ်တုခြေရာခံစနစ်များ ပါရှိသည့် စစ်ဘက်ဆက်သွယ်ရေး ပစ္စည်းများ၊ ရေဒါနည်း ပညာ၊ ကြားဖြတ်ဖမ်းယူရေးနှင့် စောင့်ကြည့်ရေးစနစ်များနှင့် ဂြိုလ်တုဆက်သွယ်ရေးများ ပါဝင် ကြောင်း ဖော်ပြထားသည်။

 

Mascots Technologies သည် Mascots အုပ်စုဝင် ကုမ္ပဏီတစ်ခုဖြစ်ပြီး CEIEC ထံမှ တည်နေရာ ခြေရာခံနည်းပညာ ဝယ်ယူရာတွင်လည်း ကြားခံပွဲစားအဖြစ် ဆောင်ရွက်ပေးခဲ့သည်။

 

Mascots Technologies နှင့် ဆက်စပ်ကုမ္ပဏီများသည် ၂၀၁၇ ခုနှစ်နှင့် ၂၀၂၁ ခုနှစ်များအကြား စစ် တပ် ထိန်းချုပ်ခံ ပြည်ထဲရေးဝန်ကြီးဌာန၏ ရဲတပ်ဖွဲ့နှင့် အကျဉ်းဦးစီးဌာနတို့ထံမှ တင်ဒါများစွာကို လည်း ရရှိခဲ့သည်။

 

သို့ရာတွင် Justice For Myanmar အနေဖြင့် ပေးသွင်းရောင်းချသည့် ပစ္စည်းများ၏ အသေးစိတ် အချက်အလက်များကို အတည်ပြုနိုင်ခဲ့ခြင်း မရှိပေ။

 

၂၀၂၄ ခုနှစ်တွင် Mascots Group သည် ထိုင်းနိုင်ငံတွင် Mascots Technologies Company Limited အမည်ဖြင့် ကုမ္ပဏီတစ်ခုကို တည်ထောင်ခဲ့ပြီး၊ ဝင်းကျော်သည် ယင်းကုမ္ပဏီ၏ တစ်ဦး တည်းသော ဒါရိုက်တာဖြစ်သည်။

 

ထိုင်းကုမ္ပဏီတစ်ခု တည်ထောင်ထားခြင်းဖြင့် Mascots ကုမ္ပဏီအနေနှင့် စစ်အုပ်စုအတွက် နိုင်ငံတ ကာ ငွေကြေးစနစ်ကို သုံးစွဲနိုင်ရန်နှင့် ပစ္စည်းကိရိယာများနှင့် နည်းပညာများ ဝယ်ယူနိုင်ရန်တို့အ တွက် ထိုင်းနိုင်ငံကို အသုံးပြုနိုင်သည့် အန္တရာယ်ကို ဖြစ်ပေါ်စေသည်။

 

စစ်တပ်၏ အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း အိန္ဒိယနိုင်ငံမှ သိပ္ပံနှင့် ဆက်သွယ်ရေးဆိုင်ရာပစ္စည်း များ ဝယ်ယူရာတွင်လည်း Mascots Technologies နှင့် Mascots Didactic & Analytical Company Limited တို့ကိုအသုံးပြုခဲ့ကြောင်း ပို့ကုန်မှတ်တမ်းများအရ သိရပြီး၊ ယင်းပစ္စည်းများကို နောက်ဆုံး လက်ဝယ်အသုံးပြုသူမှာ စစ်အုပ်စုသာ ဖြစ်မည်ဟု ခန့်မှန်းရသည်။

 

Mascots Technologies & Telecommunication Company Limited သည် အင်တာနက်စောင့် ကြည့်ထောက်လှမ်းမှုနှင့် ဆင်ဆာဖြတ်တောက်မှုအတွက် ဆောင်ရွက်ပေးရန် တာဝန်ရှိသူ ဟုဆို နိုင်သည့် Mascots Group ၏ နောက်ထပ်မြန်မာကုမ္ပဏီတစ်ခု ဖြစ်သည်။

 

ကုမ္ပဏီသည် ကွန်ရက်ထောက်ပံ့ပစ္စည်းများ ဝန်ဆောင်မှုဆိုင်ရာ ဆက်သွယ်ရေးလိုင်စင်တစ်ခုကို လက်ရှိကိုင်ဆောင်ထားသည်။

 

Mascots Technologies, Mascots Technologies and Telecommunication နှင့် Mascots Didactic & Analytical တို့ကို လက်နက်ပွဲစားကွန်ရက်၏ အစိတ်အပိုင်းများအဖြစ် မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်က အစီရင်ခံစာတွင် အမည်ထုတ်ဖော် စာရင်းသွင်းခဲ့သည်။

 

Mascots Group သည် Facebook ကဲ့သို့သော ဆိုရှယ်မီဒီယာများကို ပိတ်ပင်ရေး စစ်အုပ်စု၏ ကြိုး ပမ်းအားထုတ်မှုများတွင် အင်တိုက်အားတိုက်ကူညီပေးနေသလို၊ တစ်ဖက်တွင်လည်း စစ်အုပ်စု၏ အပြည်အဝ ကြီးကြပ်ထိန်းချူပ်မှုအောက်ရှိ ဆိုရှယ်မီဒီယာကွန်ရက်တစ်ခုဖြစ်သော MySpace Myanmar ကို ရေးသားဖြန့်ချီခြင်းဖြင့် အကျိုးအမြတ်များစွာရရှိအောင် ကြိုးပမ်းနေပြန်သည်။

 

Mascots Group သည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင် My Space CNS Company Limited ကို မြန် မာနိုင်ငံ၌ တည်ထောင်ခဲ့ပြီး၊ သိပ်မကြာခင်တွင်ပင် ဝဘ်ဆိုဒ်နှင့် မိုဘိုင်းအက်ပလီးကေးရှင်းများနှင့် အတူ ၎င်း၏ ဆိုရှယ်မီဒီယာအဖြစ် ထုတ်လုပ်ဖြန့်ချီခဲ့ခြင်း ဖြစ်သည်။

 

MySpace သည် သုံးစွဲသူ ၂၀,၀၀၀ ကျော်ရှိကြောင်း ပြောဆိုထားသော်လည်း စစ်အုပ်စု၏ အင်တာ နက် ထိန်းချုပ်ရန် ကြိုးပမ်းမှု၏ အစိတ်အပိုင်းဖြစ်နေသည့်အတွက် အွန်လိုင်း တိုက်ခိုက်ခြင်းများကို အကြီးအကျယ်ခံရသည်။

 

မြန်မာအင်တာနက်သုံးစွဲသူများက Google Play Store ပေါ်ရှိ MySpace အက်ပလီကေးရှင်းကို တိုင် ကြားရန် ကမ်ပိန်းတစ်ခု လုပ်ဆောင်ခဲ့အပြီး မကြာမီ အဆိုပါအက်ပလီကေးရှင်း ဖယ်ရှားခံခဲ့ရသည်။

 

National Energy Group of Companies (NEGC) သည် မြန်မာနှင့် စင်ကာပူနိုင်ငံများရှိ ကုမ္ပဏီ များနှင့်အတူ ရေနံနှင့် သဘာဝဓာတ်ငွေ့ဝန်ဆောင်မှုကဏ္ဍတွင် လုပ်ကိုင်လျက်ရှိသည်။

 

ယင်းကုမ္ပဏီကို ယခင်စစ်အုပ်စုလက်ထက် ၂၀၀၇ ခုနှစ်တွင် တည်ထောင်ခဲ့သည်။

 

ယင်းကုမ္ပဏီအုပ်စုသည် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းဖြစ်သည့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ် ငန်း (MOGE) ကို ကုမ္ပဏီ၏ အဓိက ရေနံနှင့်သဘာဝဓာတ်ငွေ့ ဖောက်သည်အဖြစ် ဖော်ပြထားသည်။

 

NEGC သည် တရုတ်-မြန်မာ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဆောက်လုပ်ရေးလုပ်ငန်းကိုလည်း ရရှိခဲ့သည်။

 

NEGC ကို ဝင်းကျော်က ဥက္ကဌအဖြစ် ဆောင်ရွက်ပြီး၊ မောင်မောင်ဦးသည် NEGC ကုမ္ပဏီများ၏ ဒါရိုက်တာတစ်ဦးအဖြစ် ထမ်းဆောင်သည်။

 

NEGC ၏ စင်ကာပူကုမ္ပဏီ NEGC Pte. Ltd. နှင့် ဆက်စပ်ကုမ္ပဏီ PKE Singapore Pte. Ltd. တို့ သည် အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း မြန်မာစစ်တပ်ထံ အမေရိကန်ဒေါ်လာ ၅ သန်းကျော်ဖိုးရှိ စက်ပစ္စည်းကိရိယာများ တင်ပို့ခဲ့ကြောင်း ကုလသမဂ္ဂအထူးကိုယ်စားလှယ်၏ အစီရင်ခံစာတွင် ဖော်ထုတ်ခံခဲ့ရသည်။

 

၂၀၂၃ ခုနှစ်တွင် NEGC Pte. Ltd. နှင့် PKE Singapore Pte. Ltd. ကုမ္ပဏီနှစ်ခုလုံး၏ စင်ကာပူနိုင်ငံ မှတ်ပုံတင်ကို ဖျက်သိမ်းခဲ့သည်။

 

ဝင်းကျော်၊ မောင်မောင်ဦးနှင့် ထင်လင်းတို့သည် MOI Offshore Pte. Ltd. ဟုဆိုသည့် စင်ကာပူနိုင်ငံ ၌ လက်ရှိမှတ်ပုံတင်ထားသည့် ကုမ္ပဏီတစ်ခုကို ပိုင်ဆိုင်ထားဆဲဖြစ်သလို၊ ခင်ကေခိုင်သည်လည်း စစ် တပ်၏ အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း ထင်လင်းနှင့်အတူ စီမံခန့်ခွဲမှုအကြံပေးကုမ္ပဏီတစ်ခုဖြစ် သည့် Super Knight Pte. Ltd. ကို စင်ကာပူနိုင်ငံ၌ တည်ထောင်ခဲ့သည်။

 

၎င်းတို့အနေဖြင့် စစ်အုပ်စုနှင့် စီးပွားရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင် နိုင်ရန်အတွက် စင်ကာ ပူမြို့ပြ နိုင်ငံကို ဆက်လက်အသုံးချနေနိုင်ဆဲဖြစ်သည်။

 

မောင်မောင်ဦးသည် မြန်မာစစ်အုပ်စု စစ်လက်နက်ပွဲစား ကုမ္ပဏီတစ်ခုဖြစ်သည့် Interstellar Limited ၏ ပိုင်ရှင်ဖြစ်သည်။

 

ယင်းကုမ္ပဏီသည် ယူကရိန်းကုမ္ပဏီ Ukroboronprom ၏ အရောင်းကိုယ်စားလှယ်ကုမ္ပဏီဖြစ်ပြီး၊ မြန်မာ့လေတပ်ထံ Mi-2, Mi-17 နှင့် MiG-29 လေယာဉ်စက်ပစ္စည်းအစိတ်အပိုင်းများကို ရောင်းချ ပေးပို့ခဲ့သည်။

 

Interstellar ကုမ္ပဏီ၏ လက်နက်ပွဲစားလုပ်ဆောင်ခဲ့မှုများကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတွင် Justice For Myanmar က ပထမဆုံးအကြိမ် ဖော်ထုတ်ခဲ့သည်။

 

မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများတွင် ဝင်းကျော်၊ ၎င်း၏ ကုမ္ပဏီများနှင့် မိတ်ဖက်များ၏ ကြံရာပါပတ်သက်မှုများ ထင်ရှားစွာရှိနေသော်လည်း ဆက်စပ်ကုမ္ပဏီ King Royal Technologies ကုမ္ပဏီမှလွဲ၍ ၎င်းတို့အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားခြင်း မရှိသေးပေ။

 

King Royal Technologies ကုမ္ပဏီကို အမေရိကန်ပြည်ထောင်စု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေး ဝန်ကြီး ဌာန၏ စက်မှုနှင့် သိပ္ပံဗျူရိုက ၂၀၂၁ ခုနှစ် ဒဏ်ခတ်ပိတ်ဆို့မှုအဖွဲ့အစည်းစာရင်းတွင် ထည့်သွင်းခဲ့ သည်။

 

King Royal Technologies နှင့် မြန်မာစစ်အုပ်စုတို့၏ ပူးပေါင်း လုပ်ဆောင်ခဲ့သော စီးပွားရေးလုပ် ငန်း ကို Justice For Myanmar က ၂၀၂၀ ခုနှစ် ဒီဇင်ဘာလတွင် ပထမဆုံး ဖော်ထုတ်ခဲ့ပြီး ဖြစ် သည်။

 

အဆိုပါ Mascots အုပ်စုနှင့် ကုမ္ပဏီများကို ထိုင်းနိုင်ငံနှင့် စင်ကာပူတို့တွင် လုပ်ကိုင်ခွင့်ပြုထားခြင်း ဖြင့် ဒေသတွင်း အစိုးရများသည် မြန်မာစစ်အုပ်စု၏ ဒစ်ဂျစ်တယ် စောင့်ကြည့်ထောက်လှမ်းရေးနှင့် အင်တာနက်ဆင်ဆာဖြတ်တောက်ရေး ကြိုးပမ်းအားထုတ်မှု များကို အားပေးမြှင့်တင်ပေးနေပြီး၊ ဒေ သတွင်း လုံခြုံရေးယိုယွင်းလာမှုများကိုလည်း ပါဝင် ထောက်ပံ့ပေးနေသည်။

 

စင်ကာပူနှင့် ထိုင်းနိုင်ငံတို့သည် ၎င်းတို့၏နယ်မြေတွင် ဆက်လက် လည်ပတ်နေသော Mascots အဖွဲ့၊ ၎င်း၏အဖွဲ့ဝင်များနှင့် အပေါင်းအပါများအပေါ် ဒဏ်ခတ်အရေးယူမှုများ ပြုလုပ်သင့်သည်။

 

စစ်အုပ်စု၏ အာဏာသိမ်းကြိုးပမ်းမှုသည် သုံးနှစ်ကျော်ကာလသို့ ရောက်ရှိလာခဲ့ပြီဖြစ်ပြီး တရုတ် ကုမ္ပဏီများနှင့် မြန်မာခရိုနီများ၏ ပံ့ပိုးမှုဖြင့် စစ်အုပ်စုသည် ဒစ်ဂျစ်တယ်အာဏာရှင်စနစ်ကို တည် ဆောက်ရာတွင် သိသာထင်ရှားသော တိုးတက်မှုများ ရရှိခဲ့သည်။

 

စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ် သော ရာဇ၀တ်မှုများတွင် နိုင်ငံတကာကြံရာပါပတ်သက်မှုနှင့် ၎င်း အပေါ် အရေးယူရန်ပျက်ကွက်မှုများ သည် မြန်မာလူထု၏ ပုဂ္ဂလိကအခွင့်အရေး၊ လွတ်လပ်စွာ ထုတ် ဖော်ပြောဆိုခွင့်နှင့် သတင်းအချက်အလက် ရယူပိုင်ခွင့်တို့အပေါ် ပြင်းထန်သည့် ဆိုးကျိုးသက်ရောက် မှုများကို ဖြစ်ပေါ်စေသည်။

 

အစိုးရများအနေဖြင့် မြန်မာနိုင်ငံအပေါ် ချဉ်းကပ်ဆက်ဆံနေသည့် လမ်းကြောင်းကို ပြောင်းလဲကျင့် သုံးရန်၊ တရားမဝင်စစ်အုပ်စုအား လက်နက်၊ စက်ကိရိယာများ၊ နည်းပညာများ၊ နည်းပညာပံ့ပိုးမှု များနှင့် လေယာဉ်လောင်စာများ ထောက်ပံ့နေသော ၎င်းတို့ပိုင်နက်အတွင်းမှ ကုမ္ပဏီများနှင့် လူ ပုဂ္ဂိုလ် များအား တားမြစ်အရေးယူခြင်းများနှင့်အတူ မြန်မာပြည်သူများ၏ ရဲရင့်သော ဖက်ဒရယ် ဒီမိုကရေစီရရှိရေး ကြိုးပမ်းမှုများကို အထောက်အပံ့ဖြစ်စေသည့် တိကျပြတ်သားသော အရေးယူ ဆောင်ရွက်မှုများကို လုပ်ဆောင်ကြရန် Justice For Myanmar က တောင်းဆိုသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
100 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *