Chaung U News

0 0
Read Time:2 Minute, 48 Second

ချောင်းဦးမြို့နယ်၊ မြပုလဲဆီဆိုင်ဂိတ်မှ မိုင်းရှင်းထွက်လာသည့် စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး (ရုပ်သံ)

 

D Day News

ဇွန်လ ၂၄

 

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မြပုလဲဆီဆိုင်ဂိတ်မှ မိုင်းရှင်းထွက်လာသည့် အကြမ်းဖက်စစ်သား များကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Area 71 PDF တပ်ဖွဲ့ထံမှ သိရသည်။

 

ယနေ့ ဇွန်လ ၂၄ ရက် နံနက် ၉ နာရီ မိနစ် ၂၀ အချိန်တွင် ချောင်းဦးမြို့နယ်၊ မြပုလဲ ဆီဆိုင်ဂိတ်မှ ခရီးသည်တင်ကားများဖြင့် လိုက်ပါလာပြီး မုံရွာ -ချောင်းဦးလမ်းပေါ်တွင် ပြည်သူများကို မိုင်းရှာဖွေ ရှင်းလင်းခိုင်းပြီးနောက် ခရီးသွားပြည်သူများကို မိုင်းကွင်းလွတ်ကင်းသွားသည့်အချိန် ကျန်ရှိနေခဲ့ သော အကြမ်းဖက်စစ်သား ၂ ဦးကို မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ပြည်သူတွေကို မိုင်းရှင်းခိုင်းနေတော့ အချိန်အတော်တော်ကြာမခွဲပဲ စောင့်လိုက်ရသေးတယ်။ ပြည် သူတွေ မိုင်းကွင်လွတ်ကင်းသွားမှ ကျန်နေတဲ့ စခ ၂ ဦးမိုင်းကွင်းထဲရောက်လာတဲ့အချိန် ဖောက် ခွဲ တိုက်ခိုက်လိုက်ရတာ။ ပြည်သူတွေ မထိအောင် ဘယ်လိုလုပ်ဆောင်ခဲ့ရလဲဆိုတာ Video က သက် သေပါပဲ၊ ကျနော်တို့မှာ ရှေ့လျှောက် ငုတ်တုတ်ထိုင်နေရမယ့်အခြေအနေဖြစ်နေပြီ။ ဘဏ္ဍာရေး အ ခြေ အနေ အတော်လေးအခက်အခဲဖြစ်နေပါတယ်။ မိဘပြည်သူတွေအနေနဲ့ လက်လှမ်းမီသ လောက် တတ်နိုင်သလောက် ဝိုင်းဝန်းကူညီပေးကြပါအုံးလို့ မေတ္တာရပ်ခံချင်ပါတယ်။” ဟု Area 71 PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

 

ထို့သို့မိုင်းခွဲတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးပြီး ကျန်ရှိနေသော အကြမ်းဖက်စစ် သား ကင်းပုန်းများက လိုက်လံပစ်ခတ်သဖြင့် ထွက်ပြေးခဲ့ရကြောင်း၊ ကျန်ရှိနေသော မိုင်းပွိုင့်များကို ဖောက်ခွဲတိုက်ခိုက်နိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Area 71 PDF Monywa အဖွဲ့မှ အချိန်ယူစောင့်ကြည့်ကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *