Moegoke News

0 0
Read Time:1 Minute, 52 Second

မိုးကုတ်မြို့နယ်တွင် စစ်တပ်က ဒရုန်းဖြင့် ဗုံးကြဲပြီး စစ်ကြောင်းထိုးလာမှုကြောင့် TNLA နှင့် တိုက်ပွဲ ပြန်ဖြစ်

 

D Day News

ဇွန်လ ၂၃

 

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်တွင် အကြမ်းဖက်စစ်တပ်က ဒရုန်းဖြင့် ဗုံးကြဲပြီး စစ်ကြောင်းထိုးမှု ကြောင့် TNLA တပ်ဖွဲ့နှင့်တိုက်ပွဲပြန်ဖြစ်ခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန် သည်။

 

ဇွန်လ ၂၂ ရက် ညနေ ၃ နာရီခွဲခန့်က မိုးကုတ်မြို့နယ်၊ အောက်ပိန်းပြစ်ကျေးရွာ၌ တပ်စွဲထားသည့် အကြမ်းဖက်စစ်တပ်က အထက်ပိန်းပြစ်ရွာကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရွာဘုန်းကြီးကျောင်း ဆောင်ထိခိုက်ပျက်စီးခဲ့ကြောင်း သိရ သည်။

 

အကြမ်းဖက်စစ်ကောင်စီသည် အရပ်သားပြည်သူများနှင့် ရဟန်းသံဃာတော်များ ဘာသာရေး အ ဆောက်အဦးများကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်းဖြစ်ပြီး ထိုသို့ တိုက်ခိုက်မှုအတွင်း လူထု ထိခိုက် မှုမရှိသော်လည်း ကျေးရွာထဲသို ဗုံးသီးကျရောက်ပေါက်ကွဲမှုကြောင့် ပြည်သူများစိုးရိမ်ထိတ်လန့်နေ ကြရ ကြောင်း သိရသည်။

 

ထိုအပြင် နံနက် ၁၁ နာရီခွဲဝန်းကျင်တွင် အကြမ်ဖးက်စစ်ကောင်စီတပ်သည် မိုင်တိုင် အမှတ် ၅ မှ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA တည်ရှိရာသို့ ထိုးစစ်ဆင်လာခဲ့ရာ မိုင် တိုင်အမှတ် ၇ အောက်ပိန်းပြစ်နှင့် အထက်ပိန်းပြစ်ရွာကြားတွင် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ် ခဲ့ ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *