ချောင်းဦးမြို့နယ်ရှိ သံဃာတော်များက ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် စတင်ပြုလုပ်
D Day News
ဇွန်လ ၂၃
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်းရှိ သံဃာတော်များက ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ကို ယနေ့ ဇွန်လ ၂၃ ရက်နေ့တွင် စတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်သည် မြန်မာ့လွှတ်လပ်ရေးသမိုင်းတွင် ထင်ရှားခဲ့သည့် သံဃာ့ အာဇာနည် ဆရာတော်ဦးဝိစာရ မွေးဖွားရာ ဇာတိဖြစ်ပြီး နိုင်ငံတော်သံဃမဟာနာယက ပဲခူး မြို့၊ ဝင်းနိမ္မိတာရုံဆရာတော်ဘုရားကြီး ဘဒ္ဒန္တမုနိန္ဒာဘိဝံသ အား အကြမ်းဖက် စစ်တပ်က သေနတ် ဖြင့် ပစ်သတ်ခဲ့ခြင်းကြောင့် ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
ပတ္တနိက္ကုဇ္ဇန ကံဆောင်မှုကို စစ်အာဏာရှင် သန်းရွှေလက်ထက် ၂၀၀၇ ခုနှစ် စက်တင်ဘာ ၅ ရက်နေ့ က ပခုက္ခူမြို့တွင် ပြုလုပ်ခဲ့ကြောင်း၊ သပိတ်မှောက် ကံဆောင်ထိုက်သည့် အချက်အင်္ဂါ ၈ ပါးအနက် တချက်ချက်ဖြင့် ငြိစွန်းပါက သပိတ် မှောက်ခွင့်ကို ဗုဒ္ဓမြတ်စွာက ခွင့်ပြုတော်မူခဲ့ကြောင်း သိရသည်။
ထိုသို့ မြတ်ဗုဒ္ဓက ခွင့်ပြုပေးခဲ့ခြင်းသည် ဗုဒ္ဓသာသနာနှင့် သံဃာကို ဖျက်ဆီးလိုသူတို့ ၏ ဘေး အန္တရာယ်က ကာကွယ်ခွင့်ပေးလိုက်သည့် အခွင့်အရေးတမျိုးဖြစ်ကြောင်း ဝီကီပီးဒီးယားတွင် ဖော်ပြ ထားသည်။
D Day News