Internet News

0 0
Read Time:14 Minute, 26 Second

ဒစ်ဂျစ်တယ်ထောက်လှမ်းရေးနှင့် အင်တာနက် ဆင်ဆာဖြတ်တောက်ရေးလုပ်ငန်းများရှိ မြန်မာ စစ် အုပ်စု၏ မိတ်ဖက်များ အပိုင်း (၁)

 

D Day News

ဇွန်လ ၂၂

 

မြန်မာစစ်အုပ်စုသည် ၎င်း၏ အင်တာနက်ဆင်ဆာ ဖြတ်တောက်ခြင်းနှင့် စောင့်ကြည့်ထောက်လှမ်း ခြင်း လုပ်ငန်းများ အရှိန်မြင့်တင်ကြိုးပမ်းနေမှုများအတွင်း တရုတ်နိုင်ငံ၏ နည်းပညာ၊ ပစ္စည်း ကိရိ ယာနှင့် ပံ့ပိုးကူညီနေမှုများကို လက်လှမ်းမှီရရှိ အသုံးပြုနေခဲ့သည်။

 

ယင်းတရုတ်နိုင်ငံ၏ ထောက်ပံ့ကူညီမှုသည် လူ့အသက်ပေါင်းများစွာအား အန္တရာယ်တွင်းသို့ ကျ ရောက် စေသည့်အပြင် မြန်မာပြည်သူတို့၏ သတင်းအချက်အလက် ရရှိပိုင်ခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် တို့အပေါ်တွင်လည်း ကြီးစွာသောအဟန့်အတားကို ဖြစ်စေသည်။

 

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ တရားမဝင်အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း စစ်အုပ်စုသည် လူမှုကွန် ရက်မီဒီယာ၊ သတင်းနှင့် အရပ်ဘက်အဖွဲ့အစည်းဝဘ်ဆိုဒ်များ ပိတ်ပင်ခြင်းကို တိုးချဲ့လုပ်ဆောင်ခဲ့ပြီး၊ မြန်မာအင်တာနက်အသုံးပြုသူများ၏ တည်နေရာနှင့် ပြောဆိုဆက်သွယ်မှုများကို ခြေရာခံ စောင့် ကြည့်နိုင်ရန်အတွက် အီလက်ထရွန်းနစ် စောင့်ကြည့်ထောက်လှမ်းရေး အစီအစဉ်တစ်ရပ်ကိုလည်း အကောင်အထည်ဖော်ရန် ကြိုးပမ်းခဲ့သည်။

 

၂၀၂၄ ခုနှစ်၊ မေလကုန်တွင် စစ်အုပ်စုသည် အင်တာနက်ကို ပိုမိုထိန်းချုပ်ရန် ဝဘ်စောင့်ကြည့် ထောက်လှမ်းမှုနှင့် အင်တာနက်ဆင်ဆာဖြတ်တောက်မှု စနစ်သစ်တစ်ခုကို စတင်အသုံးပြုလာခဲ့သည်။

 

Justice For Myanmar က ကြည့်ရှုခွင့်ရသည့် လျှို့ဝှက်ပေါက်ကြားလာသော စာရွက်စာတမ်းများ အရ အဆိုပါစနစ်သည် အင်တာနက်အသုံးပြု လှုပ်ရှားမှုများကို ကြားဖြတ် ဖမ်းယူနိုင်သလို၊ လျှို့ဝှက် ကုဒ်များကို မူလအချက်အလက်များအတိုင်း ဖတ်ရှုနိုင်ရန် ကုဒ်စနစ်ကို ဖယ်ရှားပေးနိုင်သည့် စွမ်း ဆောင်ရည်များလည်း ရှိသည်။

 

ထို့အပြင် စစ်အုပ်စု၏ အင်တာနက်ဆင်ဆာဖြတ်တောက်မှုနှင့် စောင့်ကြည့်ထောက်လှမ်းမှုများကို ကျော်ဖြတ်ရှောင်ရှားရန် အတွက် အသုံးပြုလေ့ရှိသည့် ပုဂ္ဂလိကကွန်ရက်တုများ virtual private networks (VPNs) အပါအဝင် အက်ပလီကေးရှင်းများနှင့် ဝဘ်ဆိုဒ်များကို ပိတ်ပင်နိုင်စွမ်းရှိကြောင်း ဖော်ပြထားသည်။

 

အဆိုပါစနစ်သည် VPN အသုံးပြုမှုများအပါအဝင် အင်တာနက်ပေါ်ရှိ လူပုဂ္ဂိုလ်တစ်ဦးချင်း၏ ကွန် ရက် အက်ပလီကေးရှင်းများ အသုံးပြုနေမှုများကိုလည်း စောင့်ကြည့်ထောက်လှမ်းနိုင်စွမ်းရှိသည်။

 

အဆိုပါစောင့်ကြည့်ထောက်လှမ်းစနစ်ကို အသုံးပြု၍ နောက်ထပ်သော မတရား ဖမ်းဆီးမှုများ ရှိလာ မည်လည်းဖြစ်သည်။

 

စီမံကိန်းစာရွက်စာတမ်းများတွင် အဆိုပါစနစ်သည် မိုဘိုင်းဖုန်းအော်ပရေတာများအပါအဝင် အင် တာနက်ဝန်ဆောင်မှုပေးသူများနှင့် အင်တာနက်ဂိတ်ဝေးများတွင် စောင့်ကြည့် ထောက်လှမ်းရန်နှင့် အင်တာနက်ဆင်ဆာဖြတ်တောက်မှုများ လုပ်ဆောင်ရန်အတွက် အသေးစိတ်မွှေနှောက် စစ်ဆေး နိုင်သည့် (deep packet inspection) ကွန်ရက်ဟာ့ဝဲလ် (သေချာစီစစ်နိုင်သည့်ဝဘ်ဂိတ်ဝေး) ကို အသုံးပြုထားကြောင်း ဖော်ပြနေသည်။

 

Deep Packet Inspection သည် စာတိုရေးသားပေးပို့များ၊ အီးမေးလ်များနှင့် အင်တာနက်အသုံးပြု သူ၏ အသေးစိတ်အချက်အလက်များပါဝင်သော အချက်အလက်များစွာကို ကြားဖြတ်ဖမ်းယူခြင်း၊ စကားဝှက်ဖြည်ခြင်းနှင့် ခွဲခြမ်းစိတ်ဖြာခြင်းများ လုပ်ဆောင်နိုင်သည်။

 

စီမံကိန်းစာရွက်စာတမ်းများအရ အဆိုပါစနစ်သစ်သည် Tiangou Secure Gateway (TSG) နှင့် Geedge Networks ဟုလည်းသိကြသည့် တရုတ်ပုဂ္ဂလိကကွန်ရက်လုံခြုံရေး၊ ထောက်လှမ်းရေး ကိရိယာနှင့် ဝန်ဆောင်မှုကုမ္ပဏီ Jizhi (Hainan) Information Technology Company Limited ၏ Cyber Narrator တို့ကို အသုံးပြုထားကြောင်း သိရသည်။

TSG သည် အင်တာနက်စောင့်ကြည့်ထောက်လှမ်းမှုနှင့် ဆင်ဆာဖြတ်တောက်မှုဆိုင်ရာ ထုတ်ကုန် ပစ္စည်းတစ်ခု ဖြစ်သည်။ Geedge Networks ၏ ဝဘ်ဆိုဒ်တွင် “TSG သည် ကွန်ရက်အသုံးပြု အသွား အလာများအပေါ်တွင် အသေးစိတ်မွှေနှောက်စစ်ဆေးမှု (deep packet inspection) ကို လုပ်ဆောင် ပေးပြီး၊ stream-based analysis engine ကို အသုံးပြုကာ အကြောင်းအရာများကို အမျိုးအစား ခွဲ ပေးနိုင်သည့်အပြင်၊ ရိုးရှင်း၍ ဘက်စုံလုံခြုံရေးဆိုင်ရာဝန်ဆောင်မှုကိုလည်း ပေးအပ်နိုင်သည်” ဟု ဖော်ပြထားသည်။

 

TSG ၏ဝန်ဆောင်မှုများတွင် secure sockets layer (SSL) နှင့် transport layer security (TLS) ကုဒ်ဝှက် လုပ်ထုံးလုပ်နည်းများဖြင့် ကုဒ်ဝှက်ထားသည့် ဆာဗာနှင့် သုံးစွဲသူများအကြား အသုံးပြုမှု အသွားအလာများကို ကုဒ်ဖြည်ခြင်း၊ စစ်ဆေးခြင်း စသည့် ဖော်ထုတ်လုပ်ဆောင်နိုင်စွမ်းများလည်း ပါဝင်သည်။

 

လုပ်ဆောင်သည့် နည်းလမ်းတစ်ခုအဖြစ် ၎င်းသည် ဝဘ်ဆိုဒ်များရှိ လုံခြုံရေးအတားအဆီးများကို စောင့်ကြည့်ခြင်းနှင့် ကျော်ခွခြင်း တို့ကိုလည်း လုပ်ဆောင်နိုင်သည်။ ကုဒ်ဖြည်ခြင်း မလုပ်ဆောင် နိုင်သည့်အခြေအနေများတွင်ပင် အဆိုပါစနစ်သည် အသုံးပြုသူများ၏ Metadata များကို ရယူနိုင် စွမ်း နှင့် အွန်လိုင်းအပြုအမူများကို ခွဲခြမ်းသုံးသပ် စီစစ်နိုင်စွမ်းများ ရှိနေသည်။

 

၎င်းသည် ကုဒ်ဖြည်ထားသော စာအသွားအလာများကို သိမ်းဆည်းခြင်းနှင့် ခွဲခြမ်းစိတ်ဖြာခြင်းများ လုပ်ဆောင်ရန် တတိယအဖွဲ့အစည်းသို့လည်း ထပ်မံပေးပို့နိုင်သည်။

 

TSG သည် အက်ပလီကေးရှင်း ၁၀၀၀ ကျော်ကို ၎င်းတို့၏ အပြုအမူများနှင့် စရိုက်လက္ခဏာများ အ ပေါ် အခြေခံ၍ ငြင်းပယ်ခြင်း သို့မဟုတ် ခွင့်ပြုခြင်း” တို့ လုပ်ဆောင်နိုင်သော Firewall အက်ပလီ ကေးရှင်း တစ်ခုအနေနှင့်လည်း စွမ်းဆောင်နိုင်သည်။

 

Cyber Narrator သည် အင်တာနက်အသွားအလာကို စောင့်ကြည့်ခွဲခြမ်းစိတ်ဖြာ၍၊ “အန္တရယ်ရှိနိုင် သည်ဟု ယူဆသော ခြိမ်းခြောက်မှု” များကို တုန့်ပြန်နိုင်ရန် ဒီဇိုင်းရေးဆွဲထားသည့် ကွန်ရက်ထောက် လှမ်းရေး ပလက်ဖောင်းတစ်ခု ဖြစ်သည်။

 

ထုတ်ကုန်၏ အဓိကအင်္ဂါရပ်များတွင် “အက်ပလီကေးရှင်း၊ IP လိပ်စာ၊ ဒိုမိန်းအမည်နှင့် စာရင်းသွင်း ထားသူ အပါအဝင် သင်၏ကွန်ရက် အဖွဲ့အစည်းများကို ပရိုဖိုင်အဖြစ် ပြုလုပ်နိုင်စွမ်းကဲ့သို့သော ကွန် ရက်အစုအဖွဲ့လိုက် ပရိုဖိုင် ပြုလုပ်နိုင်ခြင်းများလည်း ပါဝင်သည်။

 

ထို့အပြင် သံသယဖြစ်ဖွယ်အပြုအမူများ၊ ဆက်စပ်ဖြစ်ရပ် များ၊ မက်ထရစ်များနှင့် အဖွဲ့အစည်း ဆက် ဆံရေးများ ကဲ့သို့သော အစုအဖွဲ့လိုက် စုံစမ်းစစ်ဆေးမှုများအတွက် လုံလောက်သည့် စွမ်းဆောင်ရည် များလည်း ပါရှိသည်။

 

ပေးထားဥပမာတစ်ခုအရ အန္တရာယ်များသောလုံခြုံရေးဆိုင်ရာ အသုံးပြုမှုတစ်ခုအဖြစ် VPN အသုံးပြု မှု တစ်ခုချင်းစီကို ခွဲခြားဖော်ထုတ်ခြင်းအပေါ် ညွှန်းဆိုထားသည်။

 

Geedge Networks ကုမ္ပဏီကို ၂၀၁၈ ခုနှစ်တွင် တည်ထောင်ခဲ့သည်။

 

ယင်းကုမ္ပဏီသည် Hainan Free Trade Port တွင် အခြေစိုက်ပြီး၊ ဘေဂျင်းတွင် သုတေသနနှင့် ဖွံ့ ဖြိုးရေးရုံး ဖွင့်လှစ်ထားသည်။ ကုမ္ပဏီတည်ထောင်သူများမှ တစ်ဦးဖြစ်သူ၊ ခေါင်းဆောင်သိပ္ပံ ပညာ ရှင် Fang Binxing သည် တရုတ်အင်တာနက် ဆင်ဆာဖြတ်တောက်ရေးယန္တရား Great Firewall ၏ “ဖခင်” ဖြစ်သည်။

 

ယင်းကုမ္ပဏီကို Dongguan Hulian Network Security Investment Partnership (Limited Partnership) နှင့် Nali (Chengmai) Information Consulting Center (Limited Partnership) ဆိုသည့် ဦးပိုင်ကုမ္ပဏီနှစ်ခုက ပိုင်ဆိုင်ကြောင်း ကုမ္ပဏီအချက်အလက် ဒေတာဘေ့စ် Orbis မှတ် တမ်းများအရ သိရသည်။

 

Geedge Networks ၏ လုပ်ငန်းဝင်ငွေသည် ၂၀၁၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၁.၁ သန်းမှ ၂၀၂၁ ခုနှစ်တွင် ၁၈.၅ သန်းသို့ တဖြည်းဖြည်းချင်း တိုးမြင့်လာခဲ့သည်။

 

ကုမ္ပဏီသည် မြန်မာနိုင်ငံက အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်သည့် တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့်ပိုးလမ်းမ စီမံကိန်းတွင် ပါဝင်ပတ်သက်ဆက်နွှယ်နေကြောင်း ဆိုထားသည်။

 

Geedge Networks က ၎င်းတို့၏ အဖွဲ့ဝင်များသည် deep packet inspection, big data နှင့် ဉာဏ် ရည်တုဆိုင်ရာတို့တွင် အတွေ့အကြုံများစွာရှိပြီး၊ တရုတ်သိပ္ပံအကယ်ဒမီမှ ကျောင်းဆင်းသူများ ဖြစ် ကြောင်း ဆိုထားသည်။

 

တရုတ်နိုင်ငံမှ နည်းပညာရှင်များပါဝင်သော အဖွဲ့တစ်ဖွဲ့သည် ပုဂ္ဂလိ မြန်မာစစ်တပ်ပွဲစားကုမ္ပဏီ Mascots Group မှတဆင့် စစ်အုပ်စု ထိန်းချုပ်ထားသော ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီး ဌာန၏ သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဌာန (ITCSD) အတွက် အင်တာ နက် စောင့်ကြည့်ထောက်လှမ်းမှုနှင့် ဆင်ဆာဖြတ်တောက်မှုစနစ်ကို အကောင်အထည်ဖော် ဆောင် ရွက်နေကြောင်း ခေတ်သစ်သတင်းဌာန၏ သတင်းဖော်ြပချက်အရ သိရသည်။

 

Justice For Myanmar အနေဖြင့် အဆိုပါတရုတ်နည်းပညာရှင်များသည် Geedge Networks သို့မ ဟုတ် အခြားကုမ္ပဏီမှ ဖြစ်သည်ကို အတည်ပြုနိုင်ခြင်း မရှိပေ။

 

Geedge Networks သည် Justice For Myanmar ၏ အီးမေးလ်ကို အကြောင်းပြန်ကြားခြင်း မရှိ ပေ။

 

Mascots Group သည် စစ်အုပ်စုထိန်းချုပ်ထားသည့် ITCSD အတွက် တည်နေရာခြေရာခံစနစ်ကို လုပ်ဆောင်ရာတွင်လည်း ပါဝင်ကြောင်း အဆိုပါစီမံကိန်းအကြောင်း သိရှိသည့် Justice For Myanmar ၏ သတင်းရင်းမြစ်အရ သိရသည်။ အဆိုပြုထားသည့် တည်နေရာခြေရာခံစနစ်သည် နောက်ထပ်တရုတ်ကုမ္ပဏီ China National Electronics Import and Export Corporation (CEIEC) မှ တင်သွင်းခြင်းဖြစ်သည်။

 

မြန်မာနိုင်ငံရှိ အဆိုပါကဏ္ဍနှင့်ပတ်သက်သည့် လျှို့ဝှက်သတင်းရင်းမြစ်အရ CEIEC သည် မြန်မာ စစ် တပ် အတွက် လေကြောင်းကာကွယ်ရေး ရေဒါစနစ်များကို အဓိကတင်သွင်းရောင်းချသည့် ကုမ္ပဏီ တစ်ခုလည်း ဖြစ်သည်။

 

ပေါက်ကြားလာသည့် လေကြောင်းရန်ကာကွယ်ရေးအရာရှိချုပ်မှ ပစ္စည်းဝယ်ယူရေးညွှန် ကြားမှုးရုံး ထံ ၂၀၁၉ ခုနှစ် အစောပိုင်းတွင်ပေးပို့ခဲ့သည့် လျှိုဝှက်စာအရ CEIEC သည်37MM/ 57MMလေယာဉ် ပစ် အမြောက်များအဆင့်မြှင့်တင်ခြင်းနှင့် ပြန်လည်ပြင်ဆင်ခြင်းဆိုင်ရာ ဝန်ဆောင်မှုများ၊ Command, Control, Communications, Computers, Intelligence,Surveillance and Reconnaissance (C4ISR) စနစ်၊ ထို့အပြင် တာဝေးကင်းထောက်ရေဒါနှင့် ပစ်မှတ်များစွာ တိုက်ခိုက် နိုင်သည့် ဒရုန်းစနစ်များကို မြန်မာစစ်တပ်ထံ တင်သွင်းနိုင်ရေး ကြိုးပမ်းနေခဲ့ကြောင်း တွေ့ရသည်။

 

ပေါက်ကြားလာသည့် အဆိုပါစာတွင်ပင် CEIEC သည် လေကြောင်းရန်ကာကွယ်ရေးအတွက် ကာလ ရှည် ပစ္စည်းတင်သွင်းရောင်းချသည့် ကုမ္ပဏီအဖြစ် ဖော်ပြထားသည်။

 

CEIEC ကို ၁၉၈၀ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး၊ ၎င်းသည် အမျိုးသားကာကွယ်ရေး အီလက်ထရောနစ် စနစ်ကို ဒီဇိုင်းရေးဆွဲ၊ ပေါင်းစပ်၊ တည်ဆောက်သည့် တရုတ်နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ် သည်။

 

ကုမ္ပဏီ၏ ကာကွယ်ရေးဆိုင်ရာ အီလက်ထရောနစ် ထုတ်ကုန်များတွင် အမိန့်ပေးကွပ်ကဲစနစ်၊ ရေဒါ၊ အီလက်ထရောနစ် စစ်ပွဲစနစ်နှင့် မောင်းသူမဲ့ယာဉ်ငယ်များ ပါဝင်သည်။

 

ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီခွဲတစ်ခုရှိပြီး၊ CEIEC မြန်မာနိုင်ငံ မန်းနေဂျင်းဒါရိုက်တာ Zhang Anwei က ဦးဆောင်သည်။

 

CEIEC သည် China Electronics Corporation ၏ ကုမ္ပဏီခွဲတစ်ခုလည်း ဖြစ်သည်။ ယင်းကုမ္ပဏီ၏ ဦးဆောင်သိပ္ပံပညာရှင်သည် Fang Binxing ပင်ဖြစ်ပြီး၊ ယင်းသည် CEIEC နှင့် Geedge Networks တို့အကြား ထင်ရှားသောဆက်နွှယ်မှုကို ဖော်ပြနေသည်။

 

၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလတွင် CEIEC ကုမ္ပဏီအား ဗင်နီဇွဲလားအစိုးရထံ တရုတ်နိုင်ငံထုတ် “Great Firewall” ရောင်းကုန်ဗားရှင်းကို ရောင်းချခဲ့ခြင်းအတွက် အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ်ပိတ် ဆို့မှုများ ချမှတ်ခဲ့သည်။

 

CEIEC သည် Justice For Myanmar ၏ အီးမေးလ်ကို အကြောင်းပြန်ကြားခြင်း မရှိပေ။

 

အစိုးရများအနေဖြင့် Geedge Networks, CEIEC နှင့် Mascots Group၊ ယင်းတို့၏ ဒါရိုက်တာများနှင့် ဆက်စပ်ကုမ္ပဏီများအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ အရေးတကြီး ချမှတ်ရန် Justice For Myanmar က တောင်းဆိုသည်။

 

တရုတ်နိုင်ငံအပါအဝင် အခြားသော နိုင်ငံများအားလုံးအနေဖြင့် ၎င်းတို့ပိုင်နက်နယ်မြေ များအတွင်းရှိ ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များက တရားမဝင်စစ်အုပ်စုထံ စစ်လက်နက်၊ စက်ပစ္စည်းကိရိယာ၊ နည်း ပညာ၊ နည်းပညာအကူအညီနှင့် လေယာဉ်ဆီများ ထောက်ပံ့နေခြင်း များကို တားဆီးပိတ်ပင်ကြရန် Justice For Myanmar က တောင်းဆိုသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *