International News

0 0
Read Time:6 Minute, 8 Second

မြန်မာနိုင်ငံတွင် ၆ လအတွင်း ပြည်တွင်းနေရစွန့်ခွာထွက်ပြေးရသူ ၅၀ ရာခိုင်နှုန်းတိုးလာ၊ အကြမ်း ဖက် စစ်တပ်က အာဏာ သိမ်းပြီးနောက်ပိုင်း ဒုက္ခသည် ၃ သန်းကျော်ရှိ

 

D Day News

ဇွန်လ ၂၂

 

မြန်မာနိုင်ငံတွင် ၆ လအတွင်း ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူ ၅၀ ရာခိုင်နှုန်းကျော်တိုးလာပြီး အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဒုက္ခသည် ၃ ကျော်အထိရှိလာပြီဖြစ်ကြောင်း ဥရောပ သမဂ္ဂ – EU ကထုတ်ပြန်သည်။

 

၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် တိုက်ပွဲများပြင်းထန်လာပြီးနောက် ပြည်တွင်းနေရပ်စွန့်ခွာသူ အိုးမဲ့ အိမ် မဲ့ အရေအတွက်သည် ခြောက်လအတွင်း ၅၀ ရာခိုင်နှုန်းတိုးလာခဲ့ပြီး ယခုအခါ ၃ သန်းကျော် အထိ ရှိ လာပြီဖြစ်ကြောင်း၊  လက်ရှိတွင် ရခိုင်ပြည်နယ်သည် အထူးသဖြင့် ပြင်းထန်သော တိုက်ပွဲများနှင့် ရင် ဆိုင်နေရပြီး အရပ်သား အသေအပျောက်များရှိနေကြောင်း ဥရောပ သမဂ္ဂ – EU က ဇွန်လ ၂၀ ရက်နေ့ တွင် ထုတ်ပြန်ခဲ့သည်။

လက်နက်ကိုင်အဖွဲ့အစည်းများသည် အဓမ္မတပ်သားစုဆောင်းမှုများ လုပ်ဆောင်လျက်ရှိပြီး ရိုဟင်ဂျာ များသည် အထူးသဖြင့် ပစ်မှတ်ထားခံနေရသည်ဟု ဆိုသည်။

 

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် လူသား ချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီလိုအပ်သော လူဦးရေသည် ၁ သန်းမှ ၂၀၂၄ ခုနှစ်တွင် ၁၈ သန်းကျော်အထိ တိုးလာခဲ့ကြောင်း သိရသည်။

 

မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ပဋိပက္ခများသည် အရှိန်အဟုန်ဖြင့် တိုးလာနေသည့်အတွက် လူ သား ချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များလည်း ထပ်တိုးလိုအပ်လာလျက်ရှိပြီး ဥရောပ သမဂ္ဂအနေဖြင့် နိုင်ငံတွင်း ထိခိုက်ခံရသော ပြည်သူများနှင့် အိမ်နီးချင်းနိုင်ငံများဆီ ထွက်ပြေးတိမ်း ရှောင် သွားရသော ဒုက္ခသည်များအား ကူညီနိုင်ရန် ယူရို (၁၅) သန်းကို ချထားပေးကြောင်း သိရ သည်။

 

အဆိုပါ ယူရို ၁၅ သန်း ချထားပေးမှုတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်များလည်း ပါဝင် ကြောင်း၊ ယခု ထပ်မံချထားပေးသော ပမာဏသည် ပဋိပက္ခကြောင့် အိုးအိမ်စွန့်ခွာခဲ့ရသူများအား စားစရာ၊ အမိုးအကာ၊ ရေသန့်နှင့် အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှုများအတွက် အသက်ကယ် အထောက်အပံ့များ ပေးနိုင်ရန် ကူညီနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

ယင်းထပ်လောင်း ရန်ပုံငွေသည် မြေမြှုပ်မိုင်းအန္တရာယ်နှင့် ထိတွေ့မှု အနည်းဆုံးဖြစ်စေခြင်းကဲ့သို့ သော အန္တရာယ်များသည့် အခြေအနေတွင် မိမိကိုယ်ကို ကာကွယ်နိုင်ရန် အကူအညီပေးနိုင်မည်ဖြစ် ကြောင်း အသိပေးထားသည်။​

 

၂၀၂၁ ခုနှစ် အာဏာသိမ်းမှုဖြစ်ပွားစဥ်ကတည်းက ဥရောပသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံ အကျပ်အ တည်း အတွက် နှစ်စဥ် တိုးမြှင့်ထားပေးလာရာ ၂၀၂၄ ခုနှစ်တွင် ယူရို ၃၆ သန်းရှိပြီဖြစ်ကြောင်း သိရ သည်။

 

ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံသားများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ များ ကို ၁၉၉၄ ခုနှစ်ကတည်းက ပေးအပ်ခဲ့ပြီး ယခုနှစ်အစပိုင်းတွင် ယူရို ၁၉ သန်းကျော်ကိုနိုင်ငံတွင်း ရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများအတွက် ချထားပေးခဲ့ကြောင်း၊ ထို့အပြင် ဒေ သဆိုင်ရာအကျပ်အတည်း သက်ရောက်မှုများကို ဖြေရှင်းရန် ယူရို ၂ သန်းကိုထပ်ဆောင်းအတည် ပြု ပေးခဲ့ကြောင်း သိရသည်။

 

“မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေဟာ ပြည်သူလူထုအတွက် လူသားချင်းစာနာမှုဆိုင်ရာ အ လွန်ဆိုးရွားတဲ့ အကျိုးဆက်တွေကို ဖြစ်ပေါ်စေပါတယ်။ ဤထပ်မံချထားပေးတဲ့ ယူရို (၁၅) သန်းဟာ ပြင်းထန်သော အကာအကွယ်မဲ့မှု၊ ဆိုးရွားသော စားနပ်ရိက္ခာဖူလုံရေး အကျပ်အတည်းနှင့် အရေးကြီး သော ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမမီခြင်းအပါအဝင် ခြိမ်းခြောက်မှုများစွာကို ရင်ဆိုင်နေ ရသော လူဦးရေအတွက် သက်သာရာရစေမှာပါ။ အရပ်သားများအပေါ် အကြမ်းဖက်မှုများ တိုးလာ ခြင်းအကြောင်း ထိတ်လန့်ခြောက်ခြားစရာ အစီရင်ခံစာများအရ အားလုံးဟာ နိုင်ငံတကာ လူသား ချင်းစာနာ ထောက်ထားမှုဆိုင်ရာ ဥပဒေကို လေးစားလိုက်နာရန် အရေးကြီးကြောင်းထင်ရှားပါတယ်။ ဤအခြေအနေေသည် အထူးသဖြင့် လက်နက်ကိုင်များ၏ လက်ထဲတွင် ပြင်းထန်သော အန္တရာယ် များ ကြုံတွေ့နေရသည့် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများအပါအဝင် လူ့အဖွဲ့အစည်းအားလုံးအတွက် စိုးရိမ်စရာကောင်းနေပါတယ်။ အရပ်သားပြည်သူလူထုကို အကာအကွယ်ပေးရေးတွင် သူတို့ရဲ့ တာဝန် ဝတ္တရားတွေကို ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ဖို့နဲ့ လေးစားလိုက်နာကြဖို့ အားလုံးကို တိုက်တွန်းချင်ပါတယ်။” ဟု ဥရောပ သမဂ္ဂ – EU ကော်မရှင်အဖွဲ့က ပြောဆိုထားသည်။

 

၂၀၂၃ ခုနှစ်၊ မေလတွင် တိုက်ခိုက်ခဲ့သည့် မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် မြန်မာနိုင်ငံတွင် ယူရို ၂ သန်းကျော်ဖိုး အပျက်အစီးရှိခဲ့ကြောင်း ဥရောပ သမဂ္ဂ – EU ထံမှ သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *