Yesagyo News

0 0
Read Time:2 Minute, 13 Second

ဆင်ဖြူရှင်တံတား အနီးတွင် ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသော စစ်တပ်သင်္ဘော ၂ စီးကို တိုက်ခိုက် (ရုပ်သံ)

 

D Day News

ဇွန်လ ၂၁

 

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဆင်ဖြူရှင်တံတားအကျော်တွင် ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန် တက် လာသော အကြမ်းဖက် စစ်တပ် သင်္ဘော ၂ စီးကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ် ခတ်တိုက်ခိုက်ခဲ့ကြောင်း ရေစကြို ပကဖထံမှ သိရသည်။

 

ယနေ့ ဇွန်လ ၂၁ ရက် နံနက် ၆ နာရီခန့်က ရေစကြိုမြို့နယ်၊ ဆင်ဖြူရှင်တံတားမှ တဆင့် အထက်သို့ ဆန်တက်လာသော အကြမ်းဖက်စစ်တပ် သင်္ဘော ၂ စီးကို ဆင်ဖြူရှင် တံတား အကျော်၌ အသင့် စောင့် ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ မိနစ် ၂၀ ကျော်အကြာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ပြီး အ ကြမ်းဖက်စစ်သား ထိခိုက်သေဆုံးမှု ကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

“ပခုက္ကူဘက်လောက်ကနေ တက်လာတာ၊ အောက်ကနေ အထက်ကို ဆန်တက်လာပေါ့။ မနေ့က ဆင်ဖြူရှင်တံတားမှာ ညအိပ်တာ၊ ဒီနေ့မနက်ခင်းအစောစော ၆ နာရီလောက်မှာ ထွက်လာတဲ့အချိန် စောင့်ပြီးတိုက်ခဲ့တာ။ ထိတာကတော့ထိတယ်၊ ထိအောင်လည်းပစ်နိုင်ခဲ့တယ်။ အရမ်းကြီးလည်းမ ဝေးဘူးဆိုတော့ လက်နက်ငယ်အများဆုံးပစ်ခဲ့တာ။ ထိခိုက်ပျက်စီးမှုအများကြီးကတော့ မတွေ့လိုက် ရဘူး။ သင်္ဘောကလည်း မောင်းလျက်ဆိုတော့ သေ မသေလည်းမသိရဘူး။ သင်္ဘောကလည်း တောက်လျှောက်တော့ တက်သွားတယ်၊ ဘယ်ရောက်သွားပြီးလည်းတော့ မသိရတော့ဘူး” ဟု ရေစ ကြို ပကဖမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါတိုက်ခိုင်မှုကို  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ် (ပ.က.ဖ) နှင့် ပခုက္ကူခရိုင် တပ် ရင်း အမှတ် ၉ တို့ပူပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိ အ ခိုက်မရှိ အောင်မြင်ခဲ့ကြောင်း သိရသည်။

 

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *