Networks News

0 0
Read Time:7 Minute, 32 Second

စစ်အုပ်စု၏ ဒစ်ဂျစ်တယ်ထောက်လှမ်းရေးနှင့် အင်တာနက်ဆင်ဆာ ဖြတ်တောက်ရေးတွင် ပါဝင်နေသည့် တရုတ်နှင့် မြန်မာကုမ္ပဏီများအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန် JFM တောင်းဆို

 

D Day News

ဇွန်လ ၂၁

 

တရားမဝင်မြန်မာစစ်အုပ်စုသည် ဒစ်ဂျစ်တယ်အာဏာရှင်စနစ်တစ်ရပ် တည်ဆောက်ရေး အရှိန်မြှင့် တင် ဆောင်ရွက်နေသည့်အလျောက် မြန်မာအင်တာနက်အသုံးပြုသူများအပေါ် စုံစမ်းထောက်လှမ်း ရေး နှင့် အင်တာနက်ဆင်ဆာ ဖြတ်တောက်ရေး ၎င်း၏ကြိုးပမ်းမှုများတွင် တရုတ်နိုင်ငံထုတ် ပစ္စည်း ကိရိယာများ၊ နည်းပညာများနှင့် ပံ့ပိုးကူညီမှုများကို ရရှိအသုံးပြုနေသည်။

လျှို့ဝှက်ပေါက်ကြားလာသည့် စာရွက်စာတမ်းများနှင့် ကော်ပိုရိတ်မှတ်တမ်းများ အပါအဝင် သတင်း ရင်းမြစ်များအပေါ် အခြေခံ၍ Justice For Myanmar ၏ စုံစမ်းသုတေသနပြုမှုအရ စစ်အုပ်စု၏ ဒစ် ဂျစ်တယ်ထောက်လှမ်းမှုနှင့် အင်တာနက်ဆင်ဆာဖြတ်တောက်မှု အစီအစဉ်တွင် တရုတ်ကုမ္ပဏီ နှစ် ခု၏ ပါဝင်ပတ်သက်နေမှုများကို ဖော်ထုတ်နိုင်ခဲ့သည်။

 

စီမံကိန်းလျာထားချက် အစီအစဉ်စာရွက်စာတမ်းများအရ တရုတ်ကုမ္ပဏီ Geedge Networks ထံမှ ထုတ်ကုန်ပစ္စည်းနှစ်ခုကို အသုံးပြုကြောင်း ဖော်ပြထားသည်။ စုံစမ်းထောက်လှမ်းမှုနှင့် အင်တာနက် ဆင်ဆာ ဖြတ်တောက်မှုစနစ်တွင် အသုံးပြုသည့် ယင်းပစ္စည်းများကို Jizhi (Hainan) Information Technology Company Limited အနေဖြင့် ရောင်းချပေးခဲ့ခြင်းဖြစ်ပြီး၊ မြန်မာနိုင်ငံတွင် မေလ လကုန်ပိုင်း၌ စတင်အသက်သွင်း လုပ်ဆောင်စေခဲ့သည်။

 

Geedge Networks တည်ထောင်သူနှင့် သိပ္ပံပညာရှင်အကြီးအကဲသည် Fang Binxing ဖြစ်ပြီး၊ ၎င်းကို တရုတ်နိုင်ငံ အင်တာနက်ဆင်ဆာဖြတ်တောက်ရေးယန္တရားကြီး Great Firewall ၏ “ဖခင်” ဟုလည်း ဆိုကြသည်။

 

ထုတ်ကုန်တစ်ခုဖြစ်သည့် Taingou Secure Gateway (TSG) သည် အသေးစိတ်မွှေနှောက်ရှာဖွေ ရေး (deep pack inspection) ကိုအသုံးပြုပြီး၊ secure sockets layer (SSL) နှင့် transport layer security (TLS) ကုဒ်ဝှက်လုပ်ထုံးလုပ်နည်းများဖြင့် ဆာဗာနှင့် သုံးစွဲသူအကြား ကုဒ်ဝှက်ထားသည့် အင်တာနက် အသွားအလားများအပေါ် စီစစ်စစ်ဆေးနိုင်ခြင်း၊ ကုဒ်ဖြေခြင်းတို့ကို စွမ်းဆောင်နိုင် သည်ဟု ဆိုထားသည်။

TSG သည် virtual private networks (VPN) များအပါအဝင် အက်ပလီကေးရှင်းများကို ၎င်းတို့၏ အပြုအမူများနှင့် လက္ခဏာများပေါ် မူတည်၍ ပိတ်ပင်နိုင်သည့် Firewall တစ်ခုအဖြစ်လည်း လုပ်ဆောင်နိုင်သည်။

 

Geedge Networks မှ နောက်ထပ်ထုတ်ကုန်တစ်ခုဖြစ်သည့် Cyber Narrator သည် VPN အသုံးပြုမှု အပါအဝင် အင်တာနက်အသွားအလာများကို စောင့်ကြည့်ရန်၊ ခွဲခြမ်းသုံးသပ်ရန်နှင့် “အန္တရယ်ရှိနိုင် သည်ဟု ယူဆသော ခြိမ်းခြောက်မှုများ” အပေါ် တုန့်ပြန်ရန် ဒီဇိုင်းရေးဆွဲထားသည့် အင်တာနက် ထောက်လှမ်းရေးကွန်ရက် ပလက်ဖောင်းတစ်ခု ဖြစ်သည်။

 

ထို့အပြင် တရုတ်နိုင်ငံပိုင်ကုမ္ပဏီတစ်ခုဖြစ်သည့် China National Electronics Import and Export Corporation (CEIEC) သည် စစ်အုပ်စုထိန်းချုပ်ထားသည့် ဆက်သွယ်ရေးဝန်ကြီးဌာနအတွက် တည်နေရာခြေရာခံစနစ် အကောင်အထည်ဖော်ရန် အဆိုပြုမှုတွင် ပါဝင်ပတ်သက်နေသည့် Fang Binxing နှင့် ဆက်နွှယ်မှုရှိနေသည်။

 

အဆိုပါကုမ္ပဏီများနှင့် စစ်အုပ်စုအကြား စီးပွားရေးလုပ်ဆောင်နိုင်ရန်အတွက် ခရိုနီကုမ္ပဏီ Mascots Group of Companies က ကြားခံပွဲစားအဖြစ် ဆောင်ရွက်ပေးသည်။ ယင်းကုမ္ပဏီအုပ်စုကို ဒေါက် တာဝင်းကျော်နှင့် ၎င်း၏ ဇနီးဖြစ်သူ ခင်ကေခိုင်တို့က ဦးဆောင်ပြီး၊ ၎င်းတို့သည် မြန်မာ၊ စင်ကာပူနှင့် ထိုင်းနိုင်ငံများရှိ အနည်းဆုံး ကုမ္ပဏီပေါင်း ၃၀ ကျော်ပါဝင်သည့် ကွန်ရက်တွင် ပါဝင်ပတ်သက်နေသူ များ ဖြစ်ကြသည်။

 

ယင်းကုမ္ပဏီများ၏ ထက်ဝက်ကျော်ကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်က အစီရင်ခံစာတွင် ဖော်ထုတ်စာရင်းသွင်းထားပြီး ဖြစ်သည်။

 

အစိုးရများအနေဖြင့် Geedge Networks၊ CEIEC နှင့် Mascots Group၊ ယင်းကုမ္ပဏီများ၏ ဒါရိုက်တာ များနှင့် ဆက်စပ်ကုမ္ပဏီများအပေါ် ဒဏ်ခတ်ပိတ်ဆိုမှုများ အရေးတကြီး ချမှတ်ရန် Justice For Myanmar က တောင်းဆိုသည်။

 

အစိုးရများအနေဖြင့် တရားမဝင်စစ်အုပ်စုထံ စစ်လက်နက်၊ စက်ပစ္စည်းကိရိယာ၊ နည်းပညာ၊ နည်းပညာအကူအညီနှင့် လေယာဉ်ဆီ ထောက်ပံ့ပေးအပ်နေသည့် ၎င်းတို့ အချုပ်အခြာနယ်မြေ အတွင်းရှိ ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များကို မဖြစ်မနေ ပိတ်ဆို့အရေးယူရမည်ဖြစ်သည်။

 

“တရုတ်ကုမ္ပဏီတွေနဲ့ သူတို့ရဲ့ မြန် မာ ခရိုနီအပေါင်းအပါတွေက စုံစမ်းထောက်လှမ်းရေးနဲ့ အင်တာ နက်ဆင်ဆာဖြတ်တောက်ရေးနည်း ပညာ တွေကို တရားမဝင်စစ်အုပ်စုထံ ပေးအပ်နေပြီး၊ ဒါကလူ သန်း ပေါင်းများစွာအပေါ် ထိခိုက်သက် ရောက်မှုတွေ ရှိလာမှာ ဖြစ်ပါတယ်။စစ်အုပ်စုဟာ မြန်မာနိုင် ငံဥပဒေအရရော၊ နိုင်ငံတကာဥပဒေ ဖွင့် ဆို ချက်များအရပါ အကြမ်းဖက်အဖွဲ့ အစည်းတစ်ရပ် ဖြစ် ပြီး၊ အရေးယူအပြစ်ပေးခံရခြင်း တစုံတရာ ရှိမနေဘဲ ပြည်သူတွေအပေါ် အကြမ်းဖက် စစ်ဆင်ရေး တွေ ဆင်နွှဲနေတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ စစ်အုပ်စုက မြန်မာနိုင်ငံတဝန်းက ပြည်သူတွေကို ညှဉ်း ပန်းနှိပ်စက် သတ်ဖြတ်မှုတွေ၊ မတရား ဖမ်း ဆီးမှုတွေ လုပ်ဆောင်နေပါတယ်။ စစ်အုပ်စုက ၎င်းတို့ရဲ့ တရားမဝင် အာဏာသိမ်း ကြိုးပမ်းမှုကို ဆန့်ကျင်တော်လှန်နေကြသူတွေကို ရှာဖွေနှိမ်နှင်းဖို့ ကြိုးပမ်း နေချိန်မှာ၊ ဒီတရုတ်နည်းပညာသစ် တွေ က စစ်အုပ်စုရဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ် မှုတွေကို ထပ်ဆင့်ကူညီ ပံ့ပိုးပေးမှာ ဖြစ် ပါတယ်။ Geedge Networks ရဲ့ အင်တာနက်ဆင်ဆာ ဖြတ် တောက်မှုစနစ်က မြန်မာပြည်သူ တွေရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထပ်မံချိုးဖောက် မှာ ဖြစ်သလို၊ ဒါဟာ စစ်အုပ်စုရဲ့ လွတ် လပ်တဲ့ သတင်းရင်းမြစ်တွေအပေါ် ဖိနှိပ်ရေးစစ်ပွဲရဲ့ အစိတ် အ ပိုင်းတစ်ရပ်လည်း ဖြစ်လာမှာပါ။ အစိုးရတွေအနေနဲ့ စစ်အုပ်စုရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေမှာ ကြံ ရာ ပါပတ်သက်နေတဲ့ မြန်မာနဲ့ နိုင်ငံခြား ကုမ္ပဏီတွေအပေါ် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေက နေတဆင့် အရေးယူဆောင် ရွက်မှုတွေကို အဆောတလျင် မဖြစ်မနေ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်” ဟု Justice For Myanmar ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောကြားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *