TNLA News

0 0
Read Time:3 Minute, 5 Second

အကြမ်းဖက်စစ်တပ်က ဟိုင်ဂင်သဘောတူညီချက်ကို ချိုးဖောက်ပြီး လေကြောင်း၊ လက်နက်ကြီးတို့ ဖြင့် တိုက်ခိုက်မှုကြောင့် TNLA တပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်မှုရှိလာ

 

D Day News

ဇွန်လ ၂၀

 

တအာင်းပြည်နယ်၊ တပ်မဟာ ၂ စစ်ဒေသ၊ နောင်ချိုမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က ဟိုင်ဂင် သဘောတူညီချက်ကို ချိုးဖောက်ပြီး လေကြောင်း၊ လက်နက်ကြီးတို့ဖြင့် တိုက်ခိုက်မှုတို့ကြောင့် TNLA တပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနထံက သိရသည်။

 

ဇွန်လ ၁၉ ရက် နံနက် ၁၁ နာရီ ၂၅ မိနစ်အချိန်တွင် တစ်ကြိမ်၊ ၁၁ နာရီ ၃၃ မိနစ်တွင် တစ်ကြိမ် နောင်ချိုမြို့နယ် ၊ ရွှေညောင်ပင်ရွာရှိ အကြမ်းဖက်စစ်သားများက ဆမ္မဆယ်ရွာကို ဒရုန်းဖြင့် လာ ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

အလားတူ ဇွန်လ ၁၉ ရက် နေ့လည် ၃ နာရီ မိနစ် ၃၀ အချိန်တွင် မိုးကုတ်မြို့နယ် တောင်နီကျေးရွာ ကို စစ်ကောင်စီတပ်က ဂျက်လေယာဥ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦး သေဆုံးပြီး အသက် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သားပြည်သူ ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် လူနေအိမ် ၂ လုံးလည်း ထိခိုက်ပျက်ဆီးခဲ့ကြောင်း သိရသည်။

ဇွန်လ ၁၈ ရက် ညနေ ၃ နာရီ ၄၄ မိနစ် တွင်တစ်ကြိမ်၊  ၃ နာရီ မိနစ် ၅၀ တွင် တစ်ကြိမ်၊  ၃ နာရီ ၅၅ မိနစ် တွင်တစ်ကြိမ် အုမ္မတီးရွာ၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က ဆမ္မဆယ်ရွာ ဘက်သို့  လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ပြီး ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဗုံးသီး ၄ လုံးကျဲချတိုက်ခိုက် ခဲ့ရာ TNLA ရဲဘော် ၁ ဦး ကျဆုံးခဲ့ပြီး ၄ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ဇွန်လ ၉ ရက်နေ့တွင်လည်း တအာင်းပြည်၊ မိုးမိတ်မြို့နယ်၌ စစ်ကောင်စီတပ်မှ ပေါင် ၅၀၀ ဗုံး အသုံးပြု၍ မန်ပိန်းနှင့် ပန်တင်ရွာကြားသို့ လာရောက်ကြဲချခဲ့ရာ TNLA တပ်သား ၃ ဦး ထိခိုက် ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

 

စစ်ကောင်စီသည် ဟိုင်ဂင်သဘောတူညီချက်အား အကြိမ်ကြိမ်ချိုးဖောက်ပြီး တအာင်းတပ်မတော် TNLA တည်ရှိရာသို့ နေ့စဉ် ဒရုန်းနှင့် လက်နက်ကြီးပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်သည့်အပြင် PSLF/TNLA ထိန်းချုပ်ရာမြို့သို့ ဆက်သွယ်ထားသည့် လမ်းကြောင်းများဖြတ်တောက်ခြင်း၊ ကုန်စည် စီးဆင်းမှု ကန့်သတ်ပိတ်ပင်ခြင်းပြုလုပ်လျက်ရှိကြောင်း TNLA သတင်းနှင့်ပြန်ကြားရေး ဌာနက ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *