Poem

0 0
Read Time:57 Second

ကဗျာကဏ္ဍ “ဖွားစော ဒဿန”

 

ပျိုးကြဲလက်

 

သူဌေးသူကြွယ် ၊ ပြည့်ဝမ်းရယ်ဟု

ရင်ဝယ်စွဲမှတ် ၊ မဖောက်အပ် ။

 

မူးမတ်တစ်သင်း ၊ ပြည့်ဦးကင်းကို

 မယွင်းမှတ်သား ၊ မနှိမ်ငြားနှင့် ။

 

ရဟန်းအမွန် ၊ ပြည့်တံခွန်ဟု

ကျိုးနွံဦးခိုက် ၊ မလှဲလိုက်နှင့် ။

 

ပညာတတ်သိ ၊ ပြည့်မျက်စိကို

 အသိမှားမှောက် ၊ မဖောက်နှင့် ။

 

မင်းညီမင်းသား ၊ ပြည့်စွယ်များလည်း

တစ်ပါးယုံကိုး ၊ မချိုးနှင့် ။

 

သားပျိုသမီးပျို ၊ ပြည့်မျက်နှာကို

 မျက်မာန်ပိုလျက် ၊ မဖျက်နှင့် ။

 

စစ်သည်ရဲမက် ၊ ပြည့်ခြေလက်လည်း

ရန်ဘက်သတ်မှတ် ၊ မဖြတ်အပ် ။

 

ဖွားစောဒဿန ၊ ပယ်ခွာကြလျင်

 ဒုက္ခလက်ငင်း ၊ တွေ့မည်မင်း ။ ။

 

ပျိုးကြဲလက်

 

ရေးသားချိန် = ၂၀၂၂ ခုနှစ်၊ မတ်လ ၁၉ ရက် နံနက်အစောပိုင်း ၁ နာရီ ၃၉ မိနစ်

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *