Nathogyi News

0 0
Read Time:2 Minute, 47 Second

နွားထိုးကြီးမြို့တွင် စစ်ကားများကို မိုင်းဆွဲ၊ ဗုံးကြဲတိုက်ခိုက်မှု စစ်သား ၉ ဦးသေဆုံးပြီး ကား ၂ စီးပျက်စီး

 

D Day News

ဇွန်လ ၂၀

 

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ရှောက်တောရိုးကွေ့တွင် အကြမ်းဖက်စစ်သားများ လိုက်ပါလာ သည့် ဖောကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားတစ်စီးလုံးပျက်စီးသွားကြောင်း မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း နွားထိုးကြီး PDF တပ်ဖွဲ့ထံမှ သိရသည်။

 

ဇွန်လ ၁၈ ရက် နံနက် ၁၁ နာရီခန့်က နွားထိုးကြီးမြို့မှ ပြင်စည်ရွာဘက်သို့ ထွက်လာသော အကြမ်း ဖက်စစ်သား ၃၀ ခန့်လိုက်ပါလာသည့် ဖောကားတစ်စီးကို ရှောက်တောရိုးကွေ့ အရောက်မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ကားလုံးဝ ပျက်စီးသွားပြီး အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင် ကြောင်း သိရသည်။

 

ထို့အပြင် မွန်းလွဲ ၁ နာရီခန့်တွင် ကားပျက်သွားသဖြင့် လမ်းလျှောက်နေသော အကြမ်းဖက်စစ်သား များကို ဒရုန်းဖြင့် ဗုံးသီး ၄ လုံးထပ်မံကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှု ရှိပြီး အတိအကျ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုများကို Natogyi People Defence Force မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်းမှ ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အလားတူ မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် စစ်သားများလိုက်ပါလာသည့် ကားကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၉ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်း နွားထိုးကြီး PDF တပ်ဖွဲ့ထံမှ သိရသည်။

 

ဇွန်လ ၁၄ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန်ခန့်က နွားထိုးကြီးမြို့နယ်၊ ပြင်စည်ကျေးရွာမှ နွားထိုး ကြီးမြို့ဘက်သို့ မောင်းနှင်လာသော အကြမ်းဖက်စစ်သားများလိုက်ပါလာသည့် ကားကို ရှောက်တော ရိုးကွေ့အရောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

 

ဇွန်လ ၁၅ ရက်နေ့တွင် နွားထိုးကြီးမြို့မှ ပြင်စည်ကျေးရွာဘက်သို့ အကြမ်းဖက်စစ်သား ၁၀ ဦးခန့် လိုက်ပါလာသည့် ဖိုးဝှီးကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၇ ဦးသေဆုံးပြီး ပျက်စီးသွားသည့် ကားကို ပြင်စည်ကျေးရွာသို့ အခြားကားတစ်စီးဖြင့် လာရောက်ဆွဲယူသွား ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *