Maddyar News

0 0
Read Time:3 Minute, 30 Second

မတ္တရာမြို့နယ်၊ ပြည်သာအေးရွာကို မီးရှို့ဖျက်ဆီးသည့် စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်မှု လက်နက်ကြီး ကျည်ဆံများ သိမ်းဆည်းရရှိ

 

D Day News

ဇွန်လ ၂၀

 

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ပြည်သာအေးကျေးရွာကို မီးရှို့ဖျက်ဆီးသည့် စစ်တပ်ကြောင်းကို မိုင်း ဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိပြီး လက်နက်ကြီး ကျည်ဆံ များ သိမ်းဆည်းရရှိခဲ့ကြောင်း မိုးကြိုးပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

 

ဇွန်လ ၁၈ ရက် နံနက်အစောပိုင်း ၂ နာရီခန့်က မတ္တရာမြို့မှ ဖောကား ၃ စီးဖြင့် အင်အား ၈၀ ခန့်ပါ စစ်ကြောင်း၊ တောင်တံငါကျေးရွာမှ ဖောကား ၂ စီးဖြင့် အင်အား ၅၀ ခန့်ပါ စစ်ကြောင်းနှင့် ရေနံ့သာ ရွာမှ ပျူအင်အား ၂၀ ခန့်ပါ စစ်ကြောင်းတို့ ပူးပေါင်းပြီး ရေနံ့သာကျေးရွာ၏အရှေ့ဘက် ဒေသအခေါ် – ကိုးပြွန်၌ ကားများရပ်၍ ခြေတော်ရာမှ မြို့ဒင်ကျေးရွာဘက်သို့ စစ်ကြောင်းထိုး ၀င်ရောက်ခဲ့ ကြောင်း သိရသည်။

 

ထို့သို့ စစ်ကြောင်းထိုးပြီး အပြန်တွင် ပြည်သာအေးကျေးရွာသို့ ဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ဖျက် ဆီးနေစဉ် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရာ အ ကြမ်း ဖက်စစ်ကြောင်းမှာ နောက်ပြန်ဆုတ်သွားကြောင်း၊ ထိုသို့ ဆုတ်ခွာသွားစဉ် ပြည်သာအေးကျေး ရွာ၏ အနောက်မြောက်ဘက် ဒေသအခေါ်-ပိတ်ကွင်း အရောက်တွင် ကြားဖြတ်‌တိုက်ခိုက်ခဲ့ရာ နှစ် ဖက် အပြန်အလှန်ပစ်ခတ်တိုက်ပွဲ မိနစ် ၃၀ ခန့်အကြာ ဖြစ်ခဲ့ကြောင်း သိရသည်။

“ထိုးလာတဲ့ စစ်ကြောင်းထဲမှာမှ ဖောကား ၅ စီးတော့ မတ္တရာမြို့ထဲ ပြန်ဝင်သွားပြီ၊ အဲဒီထဲကမှ ရေနံ့သာက လာတဲ့စစ်ကြောင်းက ရေနံ့သာကို ပြန်ဝင်သွားတယ်၊ထိတွေ့တိုက်ပွဲထဲမှာ စခ အသေ အပျောက်တော့ မသိရသေးဘူး။ မီးရှို့ခံရတာက စုစုပေါင်း ၉ လုံးဗျ၊ မီးဖိုတဲရယ်၊ နွားစာတဲရယ် အပါအဝင်ပေါ့၊ အိမ်အနေနဲ့ကတော့ ၆ အိမ်အရှို့ခံလိုက်ရတယ်” ဟု မိုးကြိုးပြောက်ကျားတပ်ဖွဲ့မှ တာဝန်ခံက ပြောကြားသည်။

 

ထို့အပြင် အထိနာပြီး ဆုတ်ခွာသွားသည့်အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှုများ လည်း ဆက်လက်လုပ်ဆောင်ခဲ့ပြီး နယ်မြေရှင်းလင်းစဉ် အကြမ်းဖက်စစ်သားများ ကိုင်ဆောင် အသုံး ပြုသည့် ၈၁ မမလက်နက်ကြီး အဖူး ၁ ဖူး၊ ၇၃ မမ RPG အဖူး ၃ ဖူး၊ ၇၅ မမ RPG အဖူး ၁ ဖူး၊ G3 ကျည် ၁၉ ထောင့်၊ ၅.၅၆ ကျည် ၆၃ ထောင့်၊ ဆီတစ်ပုံးနှင့် Redmi အမျိုးအစား ဖုန်းတစ်လုံး တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို တိုက်နယ် (၃) ပကဖများဖြစ်သည့် မိုးကြိုးပျောက်ကြားပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ၊ နဂါးညီနောင်ပြည်သူကာကွယ်ရေးတပ်ဖွဲ့၊ မတ္တရာမြို့နယ်ပကဖ ၊ မဟာတပ်ဖွဲ့နှင့် ကျားသစ် နက်စစ်ကြောင်းတို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိ အခိုက်မရှိ အောင်မြင်ခဲ့ကြောင်း သိရသည်

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *