International News

0 0
Read Time:3 Minute, 20 Second

ဂျပန်နိုင်ငံရှိ Tasaki ကုမ္ပဏီက ဒဏ်ခတ်ပိတ်ဆို့ခြင်းခံထားရသည့် အကြမ်းဖက်စစ်တပ် လက် အောက်ခံ မြန်မာ့ပုလဲလုပ်ငန်းတွင် ဆက်လက်ပူးပေါင်းလျက်ရှိသည့်အပေါ် JFM ထုတ်ဖော်

 

D Day News

ဇွန်လ ၁၉

 

ဂျပန်နိုင်ငံရှိ Tasaki ကုမ္ပဏီက အမေရိကန်၊ ယူကေ နှင့် ကနေဒါနိုင်ငံတို့မှ ဒဏ်ခတ်ပိတ်ဆို့ထား သည့် အကြမ်းဖက်စစ်တပ် လက်အောက်ခံ မြန်မာ့ပုလဲလုပ်ငန်း (MPE) နှင့် လုပ်ငန်းများ ဆက်လက် ပူးပေါင်းလုပ်ကိုင်လျက်ရှိကြောင်း Justic For Myanmar က ထုတ်ပြန်သည်။

 

အမေရိကန်၊ ယူကေနှင့် ကနေဒါ နိုင်ငံတို့မှ ဒဏ်ခတ် ပိတ်ဆို့မှုများချမှတ်ထားသော အကြမ်းဖက် မြန် မာစစ်အုပ်စုက တရားမဝင် ထိန်းချုပ်ထားသည့် သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန လက်အောက်ရှိ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းဖြစ်သည့် မြန်မာ့ပုလဲ လုပ်ငန်း (MPE) နှင့် ဂျပန်နိုင်ငံတွင် တည်ထောင်ထားသည့် TASAKI ကုမ္ပဏီက လုပ်ငန်းများ ဆက်လက် ပူးပေါင်းဆောင် ရွက်ကာ ဝင်ငွေ အရင်းအမြစ်များ ထောက်ပံ့ပေးလျက်ရှိကြောင်း၊ မြန်မာစစ်အုပ်စု ပုလဲထုတ်လုပ်မှု၏ ၂၀-၂၅% သော ထုတ်လုပ်မှုဝေစုခွဲဝေရေး သဘောတူညီချက်အပါအဝင် ပုလဲလုပ်ငန်းမှ ရရှိသော ဝင် ငွေအမြောက်အများကို စစ်ကောင်စီသည် MPE မှတစ်ဆင့် အကျိုးခံစားခွင့်ရှိနေကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီသည် အကောက်အခွန်ကဲ့သို့သော အခြားဝင်ငွေများနှင့် ထပ်ဆင့်ထုတ်လုပ်မှု ကို ပံ့ပိုးပေးနိုင်သည့် နည်းပညာလွှဲပြောင်းမှုတို့မှလည်း အကျိုးခံစားခွင့်ရရှိနေသေးပြီး  TASAKI သည် စစ်ကောင်စီ၏ အပြစ်ပေးအရေးယူခံရခြင်းမရှိဘဲ ပြစ်ဒဏ်ကင်းလွတ်စွာဖြင့် ကျူးလွန်လာခဲ့သည့် စစ်ရာဇ၀တ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများကို ဆက်လက်ကျူးလွန် ရန် လိုအပ်သည့် လက်နက်များနှင့် လေယာဉ်လောင်စာဆီများ ၀ယ်ယူရေးအတွက် အသုံးပြုနိုင်သည့် ဝင်ငွေရင်းမြစ်ကို စစ်အုပ်စုအား ထောက်ပံ့ပေးနေခြင်းဖြစ်ကြောင်း JFM က ထောက်ပြထားသည်။

 

TASAKI နှင့် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ကုမ္ပဏီသည် စစ်အုပ်စုထိန်းချုပ်ထားသော MPE နှင့် ဆက် နွယ်သည့် လုပ်ငန်းများအားလုံးကို တာဝန်သိစွာ အဆုံးသတ်ရန် လိုအပ်နေပြီး လူ့အခွင့်အရေးကို လေးစား လိုက်နာရန် တာဝန်ရှိသည်ကို နားလည်ရမည်ဖြစ်ကြောင်း ထို့အပြင် TASAKI သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် နေ့မှစတင်၍ MPE နှင့် အခြားသော စစ်အုပ်စုထိန်းချုပ်ထားသည့် အဖွဲ့ အစည်းများနှင့် ၎င်း၏ အရောင်းအ၀ယ်ဆောင်ရွက်မှုများကိုလည်း လူသိရှင်ကြား ထုတ်ဖော်သင့် ကြောင်း Justic For Myanmar က ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *