Myinmu News

0 0
Read Time:3 Minute, 3 Second

မြင်းမူမြို့နယ်တွင် ကြေးနီတင်စစ်ယာဉ်တန်းနှင့်ကင်းပုန်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၄ ဦး သေ ဆုံးနိုင်ပြီး စစ်ကား ၁ စီးတိမ်းမှောက် (ရုပ်သံ)

 

D Day News

ဇွန်လ ၁၈

 

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် ကြေးနီတင်ဆောင်လာသော စစ်ယာဉ်တန်းနှင့် အကြမ်းဖက် စစ် တပ် ကင်းပုန်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၄ ဦး သေဆုံးနိုင်ပြီး စစ်ကား ၁ စီး တိမ်းမှောက်ခဲ့ ကြောင်း Dog Killers People’s Defence Force Myinmu ထံမှ သိရသည်။

 

ဇွန်လ ၁၈ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်ခန့်တွင် မုံရွာမြို့မှ လုံခြုံရေးအပြည့်ဖြင့်ထွက်လာသော ကြေးနီတင်ဆောင်လာသည့် အကြမ်းဖက် စစ်အုပ်စု ယာဥ်တန်းမှ လုံခြုံရေးအဖြစ် အကြမ်းဖက် စစ် သားများလိုက်ပါလာသော ၇ စီး မြောက်ကားနှင့် ၈ စီးမြောက်ကားကို ဝမ်းပြည့်ရွာနှင့် အလ္လကပ္ပရွာ အကြားအရောက် တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ရာ ကြေးနီကား ၁ စီး ထိခိုက် တိမ်း မှောက်သွားကြောင်း သိရသည်။

 

မိုင်းဆွဲ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အနီးရှိ စစ်တပ် ကင်းစခန်းများနှင့် ကင်းပုန်းများက လက်နက် ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက် မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

အလားတူ ယနေ့ နံနက် ၈ နာရီ ၄၅ မိနစ်ခန့်တွင်လည်း တော်လှန်ရေး တပ်ဖွဲ့များက ထောင်ထား သည့် မိုင်းရှေ့ ထွက်လာသော စစ်တပ် ကင်းပုန်းမှ စစ်သား ၄ ဦးကိုလည်း ထိထိမိမိ မိုင်းဆွဲ တိုက် ခိုက်ခဲ့ရာ ၄ ဦးလုံးသေဆုံးနိုင်ကြောင်း သိရသည်။

 

“စခ ကင်းပုန်းက ထွက်လာတဲ့ ၄ ဦးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့တာ ၄ ဦးလုံး လဲကျသွားတယ်။ အနီးကပ် တိုးမရလို့၊ လဲကျသွားတာတော့ တွေ့တယ်။ ကြေးနီယာဉ်တန်းကို လုံခြုံရေးပေးထားတဲ့စခပါလာတဲ့ ကား ၂ စီးကိုတော့ ထိထိ မိမိ တိုက်ခိုက်ခဲ့တယ်။ ကားပေါ်ပါလာတဲ့ စခတွေလည်း သေဆုံးမှု ရှိနိုင် တယ်။ မိုင်းဆွဲ တိုက်ခိုက်မှုအပြီး လမ်းသွားလမ်းလာပြည်သူတွေ ပြောတာကတော့ စခ ၁ ဦး သွေး တွေနဲ့ ခေါင်းကွဲပြီး သေနေတာ တွေ့ခဲ့တယ်လို့ ပြောတယ်” ဟု Dog Killers People’s Defence Force Myinmu မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Dog Killers People’s Defence Force Myinmu (DK PDF-MMU) ၊ ဒေါင်း ဖြူ PDF ၊ (STANDARD REVOLUTION FORCE- S R F MMU) တို့က ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *