Mindat News

0 0
Read Time:2 Minute, 50 Second

မင်းတပ်မြို့နယ်တွင် ကူးစက်မြန် ဝမ်းပျက်ဝမ်းလျောဖြစ်ရောဂါ ဖြစ်နေပြီး လူ ၂ သေဆုံး၊ အရေး ပေါ်ဆေးဝါးများလိုအပ်နေ

 

D Day News

ဇွန်လ ၁၈

 

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် ကူးစက်မြန်ဝမ်းပျက်ဝမ်းလျောရောဂါများ ဖြစ်ပွားနေပြီး လူ ၂ ဦး သေဆုံးကာ အရေးပေါ်ဆေးဝါးများ လိုအပ်နေကြောင်း မင်းတပ်မြို့နယ် စစ်ဘေးရှောင် ကော်မတီ ထံမှ သိရသည်။

 

ယခုရက်ပိုင်းအတွင်း မင်းတပ်မြို့နယ်တစ်ခုလုံးနီးပါး ကူးစက်မြန်ဝမ်းပျက် ဝမ်းလျော ရောဂါများ ဖြစ်ပွားလျက်ရှိရာ လူ ၂ ဦး သေဆုံးခဲ့ပြီး အချို့ကျေးရွာများတွင် ဝင်၊ ထွက်ခွင့် ပိတ်ပင်ထားရမှု ရှိ ကြောင်း၊ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ကျန်းမာရေး အဖွဲ့အနေဖြင့် ဆေးခန်းများ၌ ဆေးဝါးကုသမှုပေးနေသည့်အပြင် ကွင်းဆင်းကုသမှုများလည်း လုပ် ဆောင်ပေးနေပြီး အရေး ပေါ် ဆေးဝါးများလိုအပ်လျက်ရှိကြောင်း သိရသည်။

Photo – မင်းတပ်မြို့နယ်အတွင်း စစ်ဘေးရှောင်နေရသော ပြည်သူများ

 

“တစ်မြို့နယ်လုံးမှာရှိတဲ့ ကျေးရွာတော်တော်များများမှာဖြစ်နေတာ၊ ဘယ်လောက်ထိခိုက်တယ်၊ ဘယ်နှစ်ဦးကူးစက်ခံရတယ်ဆိုတာမျိုးကတော့ တိကျတဲ့ အချက်အလက်တော့ မရှိဘူး၊ ကျနော်တို့ ကိုယ်တိုင်လည်းအိမ်မှာ မိသားစုအကုန်လုံး ဝမ်းလျောဝမ်းကိုက်ဖြစ်တယ်၊ အိမ်ကမိသားစုတွေက တော့ ဓာတ်ဆားတော်တော်များများသောက်လိုက်တော့ သက်သာပါတယ်၊ ကျေးရွာတော်တော်များ များမှာ ဖြစ်နေတာ၊ အောက်ချိုင်ရွာမှာဆိုရင် ၂ ဦးသေဆုံးတယ်၊ ဆေးဝါးလိုအပ်မှုတွေများတယ်၊ ဓာတ်ဆားတို့၊ ပိုးသတ်ဆေးတို့ သောက်သုံးနိုင်ဖို့ လိုအပ်တယ်” ဟု မင်းတပ်မြို့နယ် စစ်ဘေးရှောင် ကော်မတီ တာဝန်ခံ Law Rence က ပြောကြားသည်။

 

လက်ရှိဖြစ်ပွားနေသော ဝမ်းပျက်ဝမ်းလျောရောဂါကုသနိုင်ရန် ဆေးဝါးဝယ်ယူရန် အခက်အခဲဖြစ်ပေါ် နေပြီး တတ်နိုင်သမျှ ဝိုင်းဝန်းကူညီပေးကြပါရန် မင်းတပ်မြို့နယ် စစ်ဘေးရှောင် ကော်မတီ တာဝန်ခံ Law Rence က ဆက်လက်ပြောဆိုသည်။

 

မတူပီမြို့သိမ်းတိုက်ပွဲကို ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဆင်နွှဲလျက်ရှိရာ မတူပီမြို့ပေါ်နေ ပြည်သူများ အနေဖြင့်လည်း မင်းတပ်မြို့နယ်အတွင်း ထွက်ပြေးတိမ်းရှောင်လာလျက်ရှိရာ အရေး ပေါ်စားနပ်ရိက္ခာများ လိုအပ်လျက်ရှိကြောင်း သိရသည်။

Photo – မင်းတပ်မြို့နယ်အတွင်း စစ်ဘေးရှောင်နေရသော ပြည်သူများ

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *