KNU News

0 0
Read Time:2 Minute, 50 Second

ဆောထိမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောာင့် ပြည်သူ ၂ ဦး သေဆုံး

 

D Day News

ဇွန်လ ၁၈

 

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၊ ဆော ထိ မြို့နယ်အတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက် ခိုက်ခဲ့မှုကြောင့် ပြည်သူ ၂ ဦး သေဆုံးကာ ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နွား (၁) ကောင် သေဆုံးခဲ့ ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။

 

ဇွန်လ ၁၃ ရက် ည ၇ နာရီ ၃၅ မိနစ် နှင့် ၁၀ နာရီ ၃၆ မိနစ်အချိန်တို့တွင် ပိန်းဇလုပ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီတပ် ခလရ ၂၆၄ မှ ၁၂၀ မမ ၊ ၁၅၅ မမ လက်နက်ကြီးတို့ဖြင့် ပစ်ခတ်ခဲ့ရာ စပ်စုကျေးရွာနှင့် ညောင်အိုကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

 

အလားတူ ဇွန်လ ၁၄ ရက် နံနက် ၄ နာရီ မိနစ် ၃၀ အချိန်တွင် ညောင်လေးပင်ရှင် ခမရ ၂၀ မှ ၁၂၀ မမ လက်နက်ကြီး ၁ လုံးပစ်ခတ်ခဲ့ရာ ရေဖြူကန်ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲပြီး အသက် ၈၆ နှစ်အရွယ် ဒေါ်သောင်းရင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် နံနက် ၆ နာရီ ၂၉ မိနစ်အချိန် ခလရ ၂၆၄ တပ်ရင်းမှ ၁၅၅ မမမ ဟောင်ဝှစ်ဇာ လက်နက် ကြီးတစ်လုံး ပစ်ခတ်ခဲ့ရာ ထမင်းရုံကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး အသက် ၃၄ နှစ် နော်သူ ဇာခိုင် သေဆုံးပြီး နွားတစ်ကောင်လည်း ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။

 

နံနက် ၇ နာရီ မိနစ် ၃၀ အချိန်တွင် ခလရ ၂၀၄ တပ်ရင်း ၁၅၅ မမ ဟောင်ဝှစ်ဇာလက်နက်ကြီး တစ် လုံး ပစ်ခတ်ခဲ့ရာ ညောင်အိုင်ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ နံနက် ၁၀ နာရီ အချိန်တွင် ရွှေကျင် ဗျူဟာမှ ၁၂၀ မမ လက်နက်ကြီး ၂ လုံးပစ်ခတ်ခဲ့ရာ ကျောက်တန်းကျေးရွာ အတွင်း သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

 

နံနက် ၁၀ နာရီ မိနစ် ၃၀ အချိန်တွင်လည်း ၁၂၀ မမ လက်နက်ကြီး ၂ လုံးထပ်မံ ပစ်ခတ်ခဲ့ရာ ကဇင်း ပင်ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲပြီး အသက် ၄၉ နှစ်အရွယ် ကိုဘိုရဲ ထိမှန်သေဆုံးကာ အသက် ၆၂ နှစ်အရွယ် ဒေါ်ခင်အေး၊ အသက် ၄၆ နှစ်အရွယ် မောင်ငွေစိုး၊ အသက် ၂၇ နှစ်အရွယ် နော်ဝါးထူးဖော နှင့်အသက် ၃၀ အရွယ် မချယ်ရီ တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *