Karen News

0 0
Read Time:1 Minute, 20 Second

သံတောင်-တောင်ငူ လမ်းပိုင်း၌စစ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်မှု ဗိုလ်ကြီး ၁ ဦး အပါ အဝင် ၇ ဦးသေဆုံး (ရုပ်သံ)

 

D Day News

ဇွန်လ ၁၈

 

ကရင်ပြည်နယ်နှင့် ပဲခူးတိုင်း အစပ် သံတောင်-တောင်ငူ လမ်းပိုင်းတွင် အကြမ်းဖက် စစ်ယာဉ် တန်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီး ၁ ဦး အပါအဝင် ၇ ဦးသေဆုံးခဲ့ကြောင်း KNLA တပ်မဟာ ၂ တပ်ရင်း ၅ (Thaw thi kho) ထံမှ သိရသည်။

 

ဇွန်လ ၁၆ ရက်နေ့ ညနေ ၃ နာရီ ၄၀ မိနစ်ခန့် သံတောင်ကြီးမြို့နယ်၊ ဘုရင့်နောင် တပ်စခန်းမှ ဆင်း သက်လာသော အကြမ်းဖက် စစ်တပ်၏ စစ်ကား ၁၀ စီးကို သံတောင်-တောင်ငူ လမ်းပိုင်းရှိ ၆ မိုင်နှင့် ၇ မိုင် အကြားအရောက် KNLA တပ်မဟာ ၂ တပ်ရင်း ၅ ပူးပေါင်း တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက် ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုက်ပွဲတွင် အကြမ်းဖက် စစ်တပ်ဘက်မှ ဗိုလ်ကြီး ၁ ဦးနှင့် တပ်သား ၆ ဦးသေဆုံးခဲ့ပြီး အကြမ်းဖက်စစ်တပ်မှ အင်အားအများအပြားဖြင့် လာရောက်ခဲ့သဖြင့် လက်နက်ရရှိခဲ့ခြင်းမရှိကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *