Shan State News

0 0
Read Time:3 Minute, 19 Second

အကြမ်းဖက်ခေါင်းဆောင်မင်းအောင်လှိုင်အပါအဝင် ခေတ်အဆက်ဆက်အာဏာရှင်များကို ရှမ်းပြည် သူလူထုက ကျိန်စာတိုက် (ရုပ်သံ)

 

D Day News

ဇွန်လ ၁၇

 

အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်အပါအဝင် ခေတ်အဆက်အက်အာဏာရှင်များကို ရှမ်း ပြည်သူလူထုက ကျိန်စာတိုက်ခဲ့ကြောင်း သိရသည်။

 

၁၉၉၆ ခုနှစ်မှ ၁၉၉၈ ခုနှစ်အထိ သျှမ်းပြည်နယ်ကို ဖြတ် ၄ ဖြတ် စီမံကိန်းဖြင့် အကြမ်းဖက် ဖက်ဆစ် မိစ္ဆာတပ်က သျှမ်းလူမျိုးတို့အပေါ် ဂျီနိုဆိုဒ်ဆန်ဆန် ရည်ရွယ်ချက်ရှိရှိဖြင့် စစ်ရာဇဝတ်မှုကျူးလွန်ခဲ့ ကြောင်း သိရသည်။

 

ယင်းဖြတ် ၄ ဖြတ်စီမံကိန်းကို သျှမ်းပြည်အလယ်ပိုင်းနှင့် သျှမ်းပြည်တောင်ပိုင်းရှိ မြို့နယ်ပေါင်း ၁၅ မြို့နယ်တို့ကို အကြမ်းဖက် ဖက်ဆစ်စစ်တပ်က လုပ်ဆောင်ခဲ့သဖြင့် လူ့အခွင့်အရေးချိုးဖောက်သည့် ဒဏ်ကို အပြင်းအထန်ခံစားခဲ့ရကြောင်း၊ ကျေးရွာပေါင်း ၁၈၅၅ ရွာမှ ပြည်သူပေါင်း ၄ သိန်းကျော် ကို အတင်းအဓမ္မနေရပ်ရွေ့ပြောင်းခိုင်းခြင်း ခံခဲ့ရရုံသာ မက ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်း ကိုခံခဲ့ရသည့် ပြည်သူများလည်းရှိကြောင်း သိရသည်။

ထိုအထဲတွင် အမျိုးသမီး ၆၂၅ ဦး အဓမ္မပြုကျင့်ခံခဲ့ရပြီး ပြည်သူပေါင်း ၂၀၀ ထက် မနည်း သတ်ဖြတ်ခံ ခဲ့ရကြောင်း၊ အဆိုးရွားဆုံး အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုမှာ ၁၉၉၇ ခုနှစ် ဇွန်လ ၁၆ရက်နေ့ ကွန် ဟိန်းမြို့နယ်အတွင်းရှိ ရွာသူ၊ ရွာသားပေါင်း ၅၆ ယောက်ကို ရက်ရက်စက်ရက်သတ်ဖြတ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

 

ထိုအစုလိုက်အပြုံလိုက်သတ့်ဖြတ်ခံခဲ့ရသည့် ၁၉၉၆ ခုနှစ် ဇွန်လ ၁၆ ရက်နေ့ကိုအစွဲပြု၍ ၂၀၂၀ ခုနှစ် ဇွန်လ ၁၆ ရက်နေ့တွင် သျှမ်းပြည်ညီညွတ်ရေးကော်မတီ-CSSU မှ ဇွန်လ ၁၆ရက်နေ့ကို “သျှမ်းအမျိုး သား လူ့အခွင့်အရေးနေ့ ” အဖြစ်သတ်မှတ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဖြတ် ၄ ဖြတ်​၏ဒဏ်ကြောင့် ယနေ့ထိတိုင်နေရပ်မပြန်နိုင်သေးတဲ့သူ အများအပါးရှိပြီး မီးရှို့ ဖျက်ဆီး ခံခဲ့ရသည့် ရွာများသည်လည်း ယနေ့ထိတိုင် ရွာပျက်ကြီးအဖြစ်ရှိနေဆဲပင် ဖြစ်ကြောင်း သိရသည်။

 

ထို့အပြင် အသက်ရှင်ကျန်ရစ်နေသူများလည်း စိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်းဆိုင်ရာ ဒဏ်များ ယနေ့ထိတိုင် ခံစားနေရဆဲဖြစ်ပြီး နှစ်ပေါင်း ၂၀ ကျော်ရှိသည့် ထိုအဖြစ် အပျက်များကို ယနေ့ထိ တိုင် တရားမျှမှု ရရှိခြင်းမသေးပဲ အကြမ်းဖက် စစ်မိစ္ဆာတပ်သည်လည်း ရှင်သန်နေဆဲဖြစ်ကြောင်း ထို့ကြောင့် ကျူး လွန်ခဲ့သူများအပေါ် ရှမ်းကျောင်းသားလူငယ်များမှ ပြည်သူလူထု၏ကိုယ်စား ပြည်သူလုထု၏ အသံ ကို ယခု Video ဖြင့် ထုတ်ဖော်တင်ပြလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *