Pakokku News

0 0
Read Time:1 Minute, 39 Second

ပခုက္ကူ တပ်မ ၁၀၁ မှ ထွက်လာသော စစ်တပ်စစ်ကြောင်းကို ဒရုန်းဖြင့် ၂ ရက်ဆက်တိုက် ဗုံးကြဲ တိုက်ခိုက်မှု ထိခိုက်သေဆုံးမှုရှိ

 

D Day News

ဇွန်လ ၁၇

 

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူမြို့ တပ်မ ၁၀၁ မှ ထွက်လာသော အကြမ်းဖက်စစ်တပ် စစ် ကြောင်းကို ဒရုန်းဖြင့် ၂ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ဘာမထီ လက်နက်ကြီး ပြောက်ကျားတပ်ဖွဲ့ – မြိုင် ထံမှ သိရသည်။

 

ဇွန်လ ၁၄ ရက်နေ့က ပခုက္ကူ ၁၀၁ နှင့် ကံတိန်ကံတော်က ထွက်လာသည့် အကြမ်းဖက် စစ်ယာဉ် တန်းနှင့် စစ်ကြောင်းကို ကံတော်အနောက်ဘက်အရောက် ၂ ရက်ဆက်တိုက် ဒရုန်းဖြင့် ဗုံးကြဲတိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိပြီး ကားများပျက်စီးကာ ရှေ့မတိုးနိုင်ပဲဖြစ်နေ ကြောင်း သိရသည်။

ထို့အပြင် အကြမ်းဖက်စစ်တပ် ခြေလျင်စစ်ကြောင်းသည်လည်း စိုတောကျေးရွာကို ရောက်ရှိပြီး ယင်း အကြမ်းဖက်စစ်သားများကိုလည်း ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မြိုင်ပကဖ တပ်ရင်း ၁ ၊ ဘာမထီလက်နက်ကြီး ပြောက်ကျားတပ်ဖွဲ့ မြိုင်၊ ပေါက် ပကဖ ဦးကြီးအဖွဲ့ နှင့် မုဆိုးအဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *