Dawei News

0 0
Read Time:2 Minute, 13 Second

ထားဝယ်မြို့လယ်ခေါင်တွင် မိုင်းဖြုတ်နေသည့် စစ်သားတစ်ဦး မိုင်းကွဲ သေဆုံး

 

D Day News

ဇွန်လ ၁၇

 

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့ပေါ် မြို့လယ်ခေါင်တွင် အကြမ်းဖက်စစ်သား ၁ ဦး မိုင်းဖြုတ်စဉ် မိုင်းကွဲသေဆုံးသွားကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

 

ယနေ့ ဇွန်လ ၁၇ ရက် နံနက် ၈ နာရီ ခန့်က ထားဝယ်မြို့လယ်ခေါင်ရှိ ဥက္တားကြီး လမ်းဆုံ၌ မိုင်းတစ် လုံး၊ မော်တော်ပီကယ်ဂိတ်နံဘေး၌ မိုင်းတစ်လုံး ထောင်ထားခဲ့ပြီး စစ်ကောင်စီတပ်သားများ မိုင်းရှင်း လင်းလာရောက်ချိန် မိုင်းခွဲတိုက်ခိုက်ရန် စီစဉ်ထားခဲ့ရာ ပထမတစ်လုံးမိုင်းတစ်လုံးမှ မိုင်းဖြုတ်နေစဉ် ပေါက်ကွဲပြီး အကြမ်းဖက်စစ်ကောင်စီ မိုင်းရှင်းတပ်သား တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဒုတိယမိုင်းတစ်လုံးမှာ အကြမ်းဖက်စစ်သားများက အကြမ်းဖက်စစ်သားများက ရှာဖွေတွေ့ရှိကာ ဖောက်ခွဲရှင်းလင်းလိုက်ကြောင်း သိရသည်။

 

အဆိုပါ မိုင်းထောင်တိုက်ခိုက်မှုကို လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ လောင်းလုံး (ပကဖ) နှင့် ဒေါင်းညီနောင်စစ်ကြောင်းမှ မြို့ပြပျောက်ကြားတပ်ဖွဲ့တို့ ပူးပေါင်း ကာ လုပ်ဆောင် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များအနေဖြင့် စစ်ရေးပစ်မှတ်များအား အချိန်မရွေး တိုက်ခိုက် သွားမည်ဖြစ်ပြီး ထားဝယ်မြို့ထဲလမ်းများပေါ်၌ဖြစ်စေ စစ်ကောင်စီတပ်စွဲရာ စခန်း အနီးဝန်းကျင် ၌ဖြစ်စေ မသင်္ကာစရာမည်သည့် အထုပ်ပိုး ၊ မည်သည့်အိတ်မျိုးကိုမျှ ကိုယ်နှင့်မသက်ဆိုင်ပဲသွား ရောက်ထိတွေ့ကိုင်တွယ်ခြင်းမပြုကြရန် စစ်ကောင်စီ တပ်သားများ စစ်ကောင်စီတပ်စွဲရာနေရာများ နှင့် ဝေးဝေးရှောင်ရှားကြရန် အသိပေးထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *